Monday, May 19, 2014

တူရကီ မိုင်းတွင်းပေါက်ကွဲမှု ၃ ဦး အရေးယူ


တူရကီနိုင်ငံ ရဲ့ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲခဲ့မှု အတွက်၊ လူ ၃ ဦးကို တာဝန် ပျက်ကွက်မှု၊ လူအများ သေစေကြေမှု တို့နဲ့၊ အရေးယူမယ် ဆိုပြီး၊ တူရကီ အစိုးရ အမှုလိုက် ရှေ့နေတွေ က ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့ က ဖြစ်ပွားခဲ့တဲ့၊ ဆိုမာမြို့ ကျောက်မီးသွေးတွင်း ပေါက်ကွဲ မီးလောင်ခဲ့မှု မှာ၊ လူ ၃၀၁ ယောက် သေဆုံးခဲ့ရပါတယ်။ 

အခု တရားစွဲဆို ခံရမယ် ဆိုတဲ့ ၃ ဦး ဟာ၊ ဆက်လက် ထိန်းသိမ်းထား ဆဲ ၁၉ ဦးထဲ က ဖြစ်တယ်လို့၊ အစိုးရ အမှုလိုက် ရှေ့နေ ဖြစ်တဲ့ Bekir က၊ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

မိုင်းတွင်း ဘုဒ်အဖွဲ့ ရဲ့ ဥက္ကဌ အပါအဝင်၊ စုစုပေါင်း ၂၅ ယောက်ကို ထိန်းသိမ်းခဲ့တာပါ။ ဒီထဲက ၆ ဦး ကို၊ ဆိုမာ ရာဇဝတ် ခုံရုံး ရှေ့မှောက်၊ ဖမ်းဆီးရန် တောင်းဆိုချက်နဲ့ အတူ တင်ခဲ့ပြီး၊ စစ်ဆေး မေးမြန်း အပြီးမှာ ၃ ဦး ကို ဖမ်းဆီး ခဲ့တာ လို့ မစ္စတာ Sahiner က ပြောပါတယ်။

လူ ခြောက်ယောက်ကို ထပ်မံ လွှတ်ပေးခဲ့ပြီး ဖြစ်ပေမယ့်၊ မိုင်းတွင်း မန်နေဂျာချူပ်နဲ့၊ လုပ်ငန်းခွင် မန်နေဂျာတွေ ကတော့ ဆက်လက် ထိန်းသိမ်း ခံထားရဆဲ ဖြစ်ပါတယ်။

BBC

No comments:

Post a Comment

My Blog List