အသက် ၁၈နှစ်ထက် လူငယ်အားလုံးနှင့် ပြည်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အတွက် လက်မှတ်ရေထိုးမှုများကို ပြုလုပ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေ ၁၈ရက်နေ့က အောင်ပင်လယ်ကွင်းတွင် လူထုတွေ့ဆုံပွဲတွင် ပြောသည်။
အဆိုပါ လူထုတွေ့ဆုံ ဟောပြောပွဲကို မန္တလေးတိုင်း၊ အောင်ပင်လယ်ကွင်းအတွင်းသို့ပြုလုပ်ခဲ့ရ ဒေသ ခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
“ပုဒ်မ ၄၃၆ကို ပြင်ဖို့ဖြစ်တဲ့အတွက် အောင်မြင်အောင်ပြည်သူလူထုကြီးက၀ိုင်းဝန်း လုပ်ကြပါတယ်၊ ၁၈နှစ်အောက် လူငယ်တိုင်းလည်း ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ပါဝင်ကြဖို့လိုပါတယ်၊ ” ဟု အန်အယ်ဒီ ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍လည်း တာဝန်ရှိသူများတောင်းဆိုနေသလို၊ပြည်သူများအနေ ဖြင့် လည်း ပါဝင်ကြရန်လိုအပ်ကြောင်း၊နံရံများ အထပ်ထပ်ပိတ်နေသည့်အချိန်မှ ယခုအခါ ရတောင့်ရခဲ ရရှိနေသော အခွင့်အရေးများကို အတူတကွတိုက်ပွဲဝင်ပြီးလုပ်ဆောင်သွားကြလျှင် လိုလားတောင့်တ သော အရာများရရှိလာနိုင်သဖြင့် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်ဟုဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငွေလည်းမရှိကြောင်၊ အာဏာလည်း မရှိကြောင်း၊ ကာကွယ်ပေး မည့် ဖွဲ့စည်းပုံလည်းမရှိကြောင်း သို့ဖြစ်သောကြောင့် ပြောင်းလဲမှုများလုပ်ဆောင်ပေးရန်အတွက် ပြည်သူ လူထုသာ အားကိုးစရာရှိသဖြင့် ယခုကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပေဒ ၄၃၆ ပြင်ဆင်ရေးမှာလည်း ယင်း၏ အိမ်မက်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အခြေခံဥပဒေပုဒ်မတွေကို သေနတ်ကိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကမရဘူးဆိုရင် ပြင်မရဖြစ် နေကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပါဝင်ကြရန်အတွက်လည်း တိုက်ရိုက်ပြောကြားလိုပြီး တပ်မတော်အားတိုက်ရိုက်ပြင်ဆင်ပေးရန် စိန်ခေါ်သည့်သဘောအနေဖြင့်လည်း သတ်မှတ်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အဆိုပါ ဟောပြောပွဲတွင် မင်းကိုနိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရန် လုပ်ဆောင်ရခြင်းမှာ နိုင်ငံနှင့်ပတ်သက်သောကိစ္စရပ်များအတွက် လုပ်ဆောင်ရန်အဓိ ကသော့ဖြစ်သကဲ့သို့ သော့မရှိနိုင်လျှင် အိမ်ထဲမ၀င်နိုင်သော ပင်မတံခါးကြီးကာထားသကဲ့သို့ဖြစ်နေသည့် ပုဒ်မဖြစ်ကြောင်း၊ သို့ဖြစ်သောကြောင့် ပြည်သူများညီညီညွှတ်ညွှတ် ပြိုင်တွန်းကာ အောင်မြင်အောင်ဆောင်ရွက်သွားရန်လိုသည်ဟု ဟောပြော ရာတွင် ထည့်သွင်းပြောကြားထား သည်။
“ ပြည်သူတွေက ညီညီညွှတ်ညွှတ်နဲ့ ပြိုင်တူတွန်းရမှာပါ၊ တံခါးခေါက်ရုံလောက်နဲ့တော့ အိပ်ခြင်ရောင် ဆောင်နေတဲ့သူက ထလာမှာတော့မဟုတ်ပါဘူး ” ဟု ၈၈မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းမှ မင်းကို နိုင်ကပြောသည်။
Shwe Myitmakha Media Group
No comments:
Post a Comment