Wednesday, October 09, 2013

အခွန်ငွေဆိုင်ရာ စေ့စပ် ဆွေးနွေးမှု ပြုလုပ်ရန် အောက်လွှတ်တော် ဥက္ကဋ္ဌအား အိုဘားမား တောင်းဆို

Wednesday, October 9, 2013
အမေရိကန် အစိုးရမှ လိုအပ်သော ဘဏ္ဍာငွေ အသုံးစရိတ် များအား လွှတ်တော်မှ အတည်ပြု ဆုံးဖြတ် ပေးခြင်း မရှိသည့်အတွက် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်း ခဲ့ရခြင်းနှင့် ကြွေးမြီ ပြဿနာများ ရင်ဆိုင်ရပြီး နောက်တွင် ရီပတ်ဘလီကန်များနှင့် အခွန်ငွေဆိုင်ရာ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ရန် အိုဘားမား အနေဖြင့် ဆန္ဒရှိ သောကြောင့် အောက် လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုးနားနှင့် စေ့စပ် ဆွေးနွေးမှု များ ပြုလုပ်ရန်အတွက် အိုဘားမားက အောက်တိုဘာ ၈ ရက် တွင် တောင်းဆို လိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အခြား အရေးကြီး ခေါင်းစဉ်များ ဖြစ်သည့် စီးပွားရေး အခွင့် အလမ်းများ ပိုမို တိုးချဲ့နိုင်ရေး မူဝါဒများ၊ အလုပ်အကိုင် ဖန်တီးမှုဆိုင်ရာ ထောက်ပံ့ ပေးနိုင်မှု၊ အမေရိကန် ပြည်သူများစီးပွားရေးအပြိုင်အဆိုင်တိုးတက်လာရေးနှင့် နိုင်ငံတော်၏လိုငွေဆက်လက် လျှော့ ချနိုင်ရေး တို့နှင့် ပတ်သက်၍ ဆွေးနွေး သွားရန် လည်း အိုဘားမား အနေဖြင့် ဆန္ဒ ရှိကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment

My Blog List