Tuesday, October 08, 2013

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ် များအကြား အဆင့်မြင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည်

Tuesday, October 8, 2013
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ မြန်မာ တက္ကသိုလ်များနှင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များအကြား အဆင့်မြင့် ပညာရေး၌ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်၊ ချီးဘားတက္ကသိုလ်၊ နီးဂတတက္ကသိုလ်၊ ခနဇ၀ တက္ကသိုလ်၊ အိုကာယမတက္ကသိုလ်၊ နာဂါဆာကီတက္ကသိုလ်၊ ခုမမိုတို တက္ကသိုလ်များနှင့် မြန်မာနိုင်ငံတွင် Centre of Excellence (COE) အဆင့်တိုးမြှင့်ထားသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ယင်းသို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့ရှိ ဘာသာရပ် ဆိုင်ရာဌာန ခြောက်ခု အဆင့်မြှင့်တင် နိုင်ရေးအတွက် သင်ကြားရေး ဆရာ၊ ဆရာမများအား ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ ပညာသင် စေလွှတ်ခြင်း၊ မြန်မာနှင့် ဂျပန် တက္ကသိုလ် များအကြား သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်ကြားရေး နည်းစနစ်များ ဖလှယ်ခြင်းအား ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင် ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ် အပါအ၀င် တက္ကသိုလ် ခြောက်ခုများအကြား ပူးပေါင်းဆောင်ရွက်ရန် အတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ပထမအပတ် အတွင်းက နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။
''အခုလို အဆင့်မြင့် ပညာကဏ္ဍမှာ ဂျပန်တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ နည်းပညာ တက္ကသိုလ်တွေအပြင် အဲဒီတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် အခွင့်အလမ်း ဖြစ်ပါတယ်'' ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံတွင် နည်းပညာ တက္ကသိုလ်ပေါင်း ၃၃ ခုနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်း ၂၅ ကျောင်း ရှိသည့်အနက် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့အား အဆင့်မြှင့်တင်ပြီး နောက်ပိုင်း ယခုကဲ့သို့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
Eleven Media Group

No comments:

Post a Comment

My Blog List