Monday, October 7, 2013
နိုဘယ်ဆုများကို ၁၉၀၁ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက် နိုဘယ်ဆုအမည် စာရင်း များကို အောက်တိုဘာ ၇ ရက်တွင် စတင်ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ နိုဘယ်ဆုများကို အယ်ဖရက် ဒ် နိုဘယ် (၁၈၃၃- ၁၈၉၆) က ၎င်း၏ နောက်ဆုံးသေတမ်းစာနှင့်အတူ စတင် တည်ထောင်ပေးအပ်ခဲ့ပြီး ဆု အမျိုးအစားငါးမျိုးသတ်မှတ်ပေးခဲ့သည်။ယင်းဆုငါးမျိုးမှာရူပဗေဒ၊ဓာတုဗေဒ၊ဇီဝကမ္မသို့မဟုတ် ဆေးပညာ၊ စာပေနှင့် ငြိမ်းချမ်းရေးဆုတို့ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် စီးပွားရေးသိပ္ပံဆုကိုထပ်မံ တိုးမြှင့်ပေးအပ်ခဲ့သည်။

ဆုရပုဂ္ဂိုလ်များကို ဆွီဒင်တော်ဝင်အကယ်ဒမီသိပ္ပံ၊ ကာရိုလင်စကာ
အင်စတီကျုတွင်ရှိ သည့် နိုဘယ်ဆုရွေး ချယ်ရေးအဖွဲ့၊ ဆွီဒင်သိပ္ပံနှင့် နော်ဝေ
နိုဘယ်ကော်မတီတို့က ရွေးချယ်ကြမည်ဖြစ်သည်။နိုဘယ်ဆုအမည် စာရင်းများကို
နှစ်စဉ်အောက်တိုဘာလတွင်ထုတ်ပြန်ကြေညာ၍ ဒီဇင်ဘာလတွင် ဆွီဒင်နိုင်ငံနှင့်
နော်ဝေနိုင် ငံတို့၌ ပေးအပ်ချီးမြှင့်သည်။ ဆုပေးပွဲအခမ်းအနား များကို
အယ်ဖရက်ဒ်နိုဘယ်ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပ ပေး
အပ်လေ့ရှိသည်။
ယခုနှစ်အတွက် ဆေးပညာဆုအမည်စာရင်းကို အောက်တိုဘာ ၇ ရက်၊ ရူပဗေဒဆုကို အောက်တိုဘာ ၈ ရက်၊ ဓာတုဗေဒဆုကို အောက်တိုဘာ ၉ ရက်၊ ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၁၁ ရက်၊ စီးပွားရေးသိပ္ပံ ဆုကို အောက်တို ဘာ ၁၄ ရက်နှင့် စာပေဆုထုတ်ပြန်ကြေညာမည့်ရက်ကို ထပ်မံကြေညာသွား မည်ဖြစ် သကဲ့သို့ ဆုအမည်စာရင်း ထုတ်ပြန်ကြေညာမှုများကို NobelPrize.org ဝက်ဘ်ဆိုက်တွင် လည်း ဖော်ပြပေးထားမည်ဖြစ်သည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:
Post a Comment