Monday, October 7, 2013
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) တို့ ပူးပေါင်းသည့် ရခိုင်အမျိုးသားပါတီ
(ANP) အတွက် ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် နှစ်ဦးကို စက်တင်ဘာ ၆
ရက်တွင် နှစ်ပါတီ ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ပြီး ဦးအေးသာအောင်ကို
ပထမခေါင်းဆောင် အဖြစ် ရွေးချယ်ကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။
ရခိုင် အမျိုးသားပါတီ ပထမခေါင်းဆောင် အနေနှင့် ALD ပါတီ ဥက္ကဋ္ဌ
ဦးအေးသာအောင်ကို ရွေးချယ်ထားပြီး ဒုတိယခေါင်းဆောင် နေရာကို RNDP ပါတီဥက္ကဋ္ဌ
ဒေါက်တာအေးမောင်ကို ရွေးချယ်ထားကြောင်း ဦးအေးသာအောင်က ဆိုသည်။
အဆိုပါ ခေါင်းဆောင်နှစ်ဦးကို ပါတီ မှတ်ပုံတင်ရာတွင် ဦးဆောင်နိုင်ရန် ယာယီ
ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က
ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခုနစ်လ အကြာတွင် (ANP) ညီလာခံ ကျင်းပကာ
ခေါင်းဆောင်များ ပြန်လည် ရွေးချယ်မည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။ အဆိုပါ ANP
ပါတီကို မှတ်ပုံတင်ရန် ပေါင်းစည်းခြင်း လုပ်ငန်းများကို မြို့နယ်အလိုက်
ပါတီဝင်များက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်သူလူထု၏ တောင်းဆိုချက်အရ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီနှင့် ရခိုင် ဒီမိုရေစီ အဖွဲ့ချုပ် ပါတီနှစ်ခု တစ်ပါတီအဖြစ်
ပေါင်းစည်းရန် ဇွန်လ ၁၅ ရက်နေ့တွင် နှစ်ဖက်ထိပ်ပိုင်း ခေါင်းဆောင်များ
ရန်ကုန်မြို့တော်ရှိ ရခိုင်သဟာယ အသင်းတွင် နှစ်ပါတီ ပူးပေါင်းရေးအတွက်
သဘောတူခဲ့ကြသည်။
The Voice Weekly
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment