Tuesday, October 08, 2013

မြန်မာကျောင်းသားများကို ဘားမောင့် တက္ကသိုလ်က ပညာသင်ဆု ချီးမြှင့်မည်

Tuesday, October 8, 2013
အမေ ရိကန်နိုင်ငံရှိ University of Vermont မှ မြန်မာကျောင်းသား၊ ကျောင်းသူများအား အမေရိကန် ဒေါ်လာတစ်သောင်း ပညာသင်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိ ရသည်။
အဆိုပါပညာသင်ဆုအား သီးသန့်လျှောက်ထားရန်မလိုအပ် ဘဲ ဆယ်တန်းအောင်မြင်ပြီးသူ များ (သို့) အိုင်ဂျီစီအက်စ်အီး အမှတ်နှင့် အင်တာဗျူးဖြေဆိုမှု ကို ဆုံးဖြတ်၍ ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
''ဒီတက္ကသိုလ်ဝင်ခွင့်ရတဲ့ သူတွေအနေနဲ့ သတ်မှတ်အရည် အချင်းနဲ့ပြည့်မီရင် နောက်စာသင် နှစ်တွေမှာ ပညာသင်ထောက်ပံ့ ကြေး ထပ်ပြီး လျှောက်ထားလို့ရ တယ်။ နောက်ပြီး ဆယ်တန်းအောင် နဲ့ အိုင်ဂျီစီအက်စ်အီးအောင်မြင် ထားသူတွေက SAT အမှတ်တင် ပြဖို့မလိုဘဲ အမေရိကန်တက္ကသိုလ် ပထမနှစ်နဲ့ညီမျှတဲ့ Global Gateway Program ကိုလျှောက်ထား နိုင်ပါတယ်။ ဒီပရိုဂရမ်က နိုင်ငံ တကာကျောင်းသားတွေ အတွက် ပဲ သီးသန့်ဖြစ်တဲ့ အတွက် အမေ ရိကန်တက္ကသိုလ်ပညာရေးစနစ် မှာ လိုအပ်မယ့်အကဲဒမစ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေး သွားမှာပါ။ အမေရိကန်တက္ကသိုလ် တွေက အခုနောက်ပိုင်းမှာ ပညာ သင်ဆုပေးတာတွေများလာတာ မို့ မြန်မာကျောင်းသားတွေ သင် ကြားမှုပိုင်းမှာ အကျိုးရှိစေမှာပါ''ဟု Crown Education မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ ရွေးချယ်သင်ကြားနိုင်မည့် ဘာသာရပ်များမှာ စိုက်ပျိုးရေး နှင့် သဘာဝသိပ္ပံ၊ အနုပညာနှင့် သိပ္ပံ၊ စီးပွားစီမံခန့်ခွဲမှု၊ ပညာရေး နှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှု များ၊ အင်ဂျင်နီယာနှင့် သင်္ချာ၊ သ ဘာဝပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ်များ၊ သူနာပြုနှင့် ကျန်း မာရေးစောင့်ရှောက်မှုပေးခြင်း စသည့်ဘာသာရပ်များ တက် ရောက်နိုင်မည်ဖြစ်သည်။
ကျောင်းဝင်ခွင့်လမှာ ဇန်န ဝါရီနှင့် ဩဂုတ်လတို့ဖြစ်ပြီး တစ် နှစ်စာကျောင်း လခ အတွက် အ မေရိကန်ဒေါ်လာ ၃၄၆၀၀ ခန့် နှင့် နေထိုင်စားသောက် စရိတ်အ တွက် ဒေါ်လာတစ်သောင်းကျော် ခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းလျှောက်ထားခြင်း နှင့် အသေးစိတ်သိရှိလိုသူများ သည် ဖုန်း-၀၉ ၇၃၂၇၃၂ရရနှင့် ဝ၁-၅၂၇၈၃၈တို့တွင် ဆက်သွယ် နိုင်ကြကြောင်း သိရသည်။
မေသဉ္ဇာ
Yangon Media Group

No comments:

Post a Comment

My Blog List