Monday, October 07, 2013

ပွင့်လင်းရာသီရောက်၍ ရွှေဈေး ပြန်တက်နိုင်ဟုဆို

Monday, October 7, 2013
Photo: ပွင့်လင်းရာသီရောက်၍ ရွှေဈေး ပြန်တက်နိုင်ဟုဆို
Monday, October 7, 2013

အမေရိကန်အစိုးရ လုပ်ငန်းအချို့ လည်ပတ်မှု ရပ်ဆိုင်းသည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးမှာ တစ်လအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိသွားရာမှ ပွင့်လင်းရာသီ ရောက်လာသည့် အတွက် ပြန်လည် မြင့်တက်လာဖွယ် ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

ကမ္ဘာ့ ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး လိုက်ပါပြောင်းလဲပြီး နောက်ပိုင်း ဝယ်လိုအား ကောင်းလာနိုင်သည့်အတွက် ဈေးပြန်တက်နိုင်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ တိတ်စိန် ရတနာရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။ 

လတ်တလော ပြည်တွင်းရွှေဈေးကွက် အခြေအနေမှာ အရောင်းအဝယ် အေးလျက် ရှိသော်လည်း အနိမ့်ဆုံး ဖြစ်နေသော အခြေအနေမှ ဈေးအနည်းငယ် ပြန်တက်လာပြီး ဈေးထပ်မံ တက်ဖွယ် ရှိကြောင်း သမာဓိ စိန်ရွှေရတနာဆိုင် မန်နေဂျာ ဦးကျော်လင်းထက်က ပြောဆိုသည်။ 
“နောက်ပိုင်း ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ဈေးက တက်လာနိုင်တယ်။ တက်လည်း အရင်ကလိုတော့ ခုနစ်သိန်းတော့ မကျော်နိုင်ဘူး။ ခုနစ်သိန်း ပတ်ချာလည်လောက်ထိပဲ တက်လာနိုင်တယ်” ဟု ၎င်းကပြောဆိုသည်။

လတ်တလော ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၁ ဒေါ်လာနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားမှာ ၆၉၀,၀၀၀ ကျပ် ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly 
အမေရိကန်အစိုးရ လုပ်ငန်းအချို့ လည်ပတ်မှု ရပ်ဆိုင်းသည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးမှာ တစ်လအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိသွားရာမှ ပွင့်လင်းရာသီ ရောက်လာသည့် အတွက် ပြန်လည် မြင့်တက်လာဖွယ် ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။ ကမ္ဘာ့ ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး လိုက်ပါပြောင်းလဲပြီး နောက်ပိုင်းဝယ်လိုအား ကောင်းလာနိုင်သည့်အတွက် ဈေးပြန်တက်နိုင်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ တိတ်စိန် ရတနာရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။
လတ်တလော ပြည်တွင်းရွှေဈေးကွက် အခြေအနေမှာ အရောင်းအဝယ် အေးလျက် ရှိသော်လည်း အနိမ့်ဆုံး ဖြစ်နေသော အခြေအနေမှ ဈေးအနည်းငယ် ပြန်တက်လာပြီး ဈေးထပ်မံ တက်ဖွယ် ရှိကြောင်း သမာဓိ စိန်ရွှေရတနာဆိုင် မန်နေဂျာ ဦးကျော်လင်းထက်က ပြောဆိုသည်။
“နောက်ပိုင်း ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ဈေးက တက်လာနိုင်တယ်။ တက်လည်း အရင်ကလိုတော့ ခုနစ်သိန်းတော့ မကျော်နိုင်ဘူး။ ခုနစ်သိန်း ပတ်ချာလည်လောက်ထိပဲ တက်လာနိုင်တယ်” ဟု ၎င်းကပြောဆိုသည်။ လတ်တလော ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၁ ဒေါ်လာနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားမှာ ၆၉၀,၀၀၀ ကျပ် ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List