Wednesday, October 09, 2013

လေကြောင်းလမ်းညွှန်စက်တပ်ဆင်မည့် လေယာဉ်ကွင်း ယခုနှစ်ကုန်တွင် ၁၀ ကွင်းရှိလာမည်

Wednesday, October 9, 2013
နိုင်ငံတော်ဘဏ္ဍာငွေဖြင့်တပ်ဆင်နေသော လေကြောင်းလမ်းညွှန်စက်များကို လေယာဉ်ဆင်းသက်မှုများသော ဟဲဟိုးနှင့် ညောင်ဦးလေဆိပ်တို့တွင်သာတပ်ဆင်ရန်ကျန်ရှိတော့ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ ယခုနှစ်မတိုင်မီတပ်ဆင်မည့် ယင်းစက်များကို မြစ်ကြီးနား၊ ထားဝယ်၊ ပဲခူးတို့တွင် တပ်ဆင်ပြီး၍ လှည်းကူးတွင်လည်းတပ်ဆင်လျက်ရှိသည်။လှည်းကူးပြီးပါကဟဲဟိုးနှင့် ညောင်ဦးလေ ဆိပ်နေ ရာများတွင် ဆက်လက်တပ်ဆင်ရန် ကျန်ရှိကြောင်း လေကြောင်းဦးစီးမှ အင်ဂျင်နီယာ ကိုဝဏ္ဏကပြောသည်။ ၎င်းစက်များမှ VOR/DME ဖြစ်ပြီး လေယာဉ်မှာကွင်းသို့ ဆင်းသက်ရန်နှင့် ဖြတ်ေ ကျာ်ပျံသန်းရာတွင် မြေပြင်နှင့် ချိတ်ဆက်၍ အကွာအဝေးမည်မျှရှိခြင်း၊ အမြင့်ပေမည်မျှတွင်ရှိနေခြင်း၊ ရာသီဥတုအနေ အထားများနှင့် လေယာဉ်၏ လမ်းကြောင်းအား ညွှန်ပြပေးသော အထောက် အကူပြုစက်များဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အသုံးပြုနေသော လေယာဉ်ကွင်း ၃၂ ကွင်းရှိနေပြီး VOR/DME လေကြောင်း လမ်းညွှန်စက်မှာ နေရာခြောက်နေရာတွင် တပ်ဆင်ထားကာ ယခုတပ်ဆင်မှုပြီးပါက ယင်းစက်တပ် ဆင်ပြီး နေရာ ၁၀ နေရာအထိ ရှိလာမည်ဖြစ်သည်။အမေရိကန်နိုင်ငံထုတ် ယင်းလေကြောင်းလမ်းညွှန် စက်များ တန်ဖိုးအား ပြောကြား၍မရနိုင်ဘဲ နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်ချထားပေးမှုအပေါ် မူတည်၍ ၀ယ်ယူထားကြောင်း ၎င်းကဆက်ပြောသည်။ယင်းစက်များကို နိုင်ငံခြားသားဝင်ထွက်မှုများသော လေယာဉ် ကွင်းနှင့် လေယာဉ်ဆင်းသက်မှုများသောကွင်းများတွင်ဦးစားပေးတပ်ဆင်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကပြောသည်။ယင်းလေကြောင်း လမ်းညွှန်စက်များ တပ်ဆင်ပြီးသွားပါက ချက်ချင်းသုံးစွဲရန်မဖြစ်နိုင်သေးဘဲ လေယာဉ်ဖြင့် စမ်းသပ်ပျံသန်းမှု အကြိမ်ကြိမ်ပြုလုပ်ရကြောင်း အင်ဂျင်နီယာ ကိုဝဏ္ဏကပြောသည်။
နိုင်ငံတကာမှ လေယာဉ်များ မြန်မာ့ပိုင်နက်အတွင်းသို့ တစ်ရက်လျှင်အစီး၁၅၀ ကျော် ဖြတ်ကျော်ပျံ သန်းနေပြီးယင်းလေယာဉ်များအတွက်အထောက်အကူပြုနိုင်ရန်ယင်းစက်များကိုတပ်ဆင်ရခြင်းဖြစ်ကြောင်း
လေကြောင်းဦးစီးမှ သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment

My Blog List