Tuesday, October 08, 2013

မသင်မနေရ ပညာရေး ဥပဒေမူကြမ်း ရေးဆွဲပြီးစီး

Tuesday, October 8, 2013
လူတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်သော မသင်မနေရ ပညာရေး ဥပဒေမူကြမ်းကို ပညာရေးဝန်ကြီး ဌာနက ရေးဆွဲထားပြီး ဖြစ်ကြောင်း နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် အောက်တို ဘာလ ၇ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြား သည်။“ရေးဆွဲပြီးသွားပေမယ့် ဘယ်မှမတင်သေးဘူး” ဟု ဥပဒေ ရေးဆွဲရေးတွင် ပါဝင်ထားသူ ဦးသန်းဦး က ပြောဆိုသည်။ မသင်မနေရ ပညာရေးဥပဒေ၏ နောက်ကွယ်တွင် အကျိုးဆက်များစွာ ရှိနေသည့်အ တွက် အသေးစိတ် ရေးဆွဲရန် လိုအပ်ကြောင်း၊ သို့တည်း မဟုတ်ပါက ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် ဥပဒေ အကြောင်းအရာများ ပေါ်ပေါက်လာနိုင်ကြောင်း ပညာရေး ဒုတိယဝန်ကြီး (ငြိမ်း) ဦးအောင်မျိုးမင်း က ပြောကြားသည်။“မသင်မနေရ ပညာရေးမှာ ကျောင်းမထားရင် အဲဒီမိဘကို အရေးယူလို့ရတယ်” ဟု ၎င်းက အောက်တိုဘာလ ၇ ရက်နေ့ အဆိုပါ ပညာရေး ဆွေးနွေးပွဲ တွင် ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် မသင်မနေရ မူလတန်းပညာရေးကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် စတင်ခဲ့သော်လည်း ပညာသင်ကြားခွင့်အတွက် ပံ့ပိုးမှုများစွာ လိုအပ်နေသေးကြောင်း ပညာရေး လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။ လက်ရှိ ပညာရေးဝန်ကြီးဌာနက အကောင်အထည် ဖော်နေသော မသင်မနေရ မူလတန်း ပညာရေး စီမံချက်တွင် ကျောင်းသုံး ဗလာစာအုပ်များနှင့် ကျောင်းဝင်ခွင့်များ အခမဲ့ ပံ့ပိုးခြင်းအပြင် ငွေကျပ် တစ်ထောင်စီပါ ထောက်ပံ့ပေးထားသည်။ ယင်းသို့ ပညာရေးဝန်ကြီးဌာနက ပံ့ပိုးထားသော်လည်း ထောက်ပံ့မှုတိုင်းကို မူလတန်း ကျောင်းသားတိုင်းလက်ခံမရရှိကြောင်း၊ ဝေးလံခေါင် သီသော ဒေသများအတွက် ငွေကျပ်တစ်ထောင်စီမှာတန်ဖိုးရှိသော်လည်းမြို့ပေါ်က ကျောင်းသားများအတွက် မူ အသုံးမဝင်ကြောင်း ပညာရေး ဝန်ထမ်းအချို့က ပြောကြားသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် မသင်မနေရ မူလတန်း ပညာရေးအတွက် အသုံးစရိတ်သည် ကျပ် ၁၈၃၅ ဒသမ ၅ သန်းနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ကျပ် ၇၂၂၄ သန်းနီးပါး သုံးစွဲထားကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မြို့နယ်လုံးကျွတ် မသင်မနေရ မူလတန်းပညာရေး ဆောင်ရွက်ရန် မြို့နယ်လေးမြို့နယ်တွင် စမ်းသပ်ပြုလုပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List