Monday, October 7, 2013
ၾသစေၾတးလ် နိုင်ငံ ၀န်ကြီးချုပ် Tony Abbott နဲ့ တရုတ်နိုင်ငံ သမ္မတ
ရှီကျင်ပင်းတို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့
အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ဘာလီကျွန်းကို ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် Tony Abbott နဲ့ တရုတ်နိုင်ငံတို့ ကုသွယ်ရေးတိုးချဲ့ဖို့
မနေ့က တွေ့ဆုံမှုဟာ ၀န်ကြီးချုပ် Tony Abbott နဲ့ တရုတ်နိုင်ငံ သမ္မတ
တို့ရဲ့ ပထမအကြိမ် တွေ့ဆုံမှု ဖြစ်ပြီးတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတွေ
ပိုမို တိုးချဲ့လုပ်ဆောင်သွားကြဖို့အတွက် သဘောတူညီခဲ့ကြ ပါတယ်။
လာမယ့်နှစ်ကျရင် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် တရုတ်သမ္မတ
ရှီကျင်းပင်းရဲ့ ဖိတ်ခေါ်မှုကိုလည်း ၀န်ကြီးချုပ် Tony Abbott အနေနဲ့
လက်ခံဖို့ ရှိသလို တရုတ်နိုင်ငံကို သွားတဲ့အခါကြရင် စီးပွားရေးလုပ်ငန်းရှင်တွေ ကိုခေါ်သွားမယ့်အပြင်သြစတြေးလျနိုင်ငံက ပြည်နယ်တိုင်းရဲ့
ပြည်နယ်ဝန်ကြီးချုပ်တွေကိုပါ ခေါ်ဆောင်သွား ဖို့ရှိတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် Tony Abbott အနေနဲ့ ဒီကနေ့မှာ စတင်ကျင်းပမယ့် APEC ညီလာခံကို
တက်ရောက်လာကြတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့လည်း
ဆွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံနဲ့
တရုတ်နိုင်ငံတို့ စီးပွားရေးတိုးချဲ့ လုပ်ဆောင်ဖို့ သဘောတူညီကြတဲ့
တဆက်တည်းမှာပဲ သြစတြေးလျနိုင်ငံ အနောက်ပိုင်းပြည်နယ်ဝန်ကြီးချုပ် Colin
Barnett က စီးပွားရေးတိုးချဲ့လုပ်ကိုင်ဖို့အတွက် တရုတ်နိုင်ငံ Zhejiang
ပြည်နယ်ကို ဒီကနေ့ပဲ သွားရောက် မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Conlin Barnett ရဲ့ ခရီးစဉ်အတွင်း Zhejiang ပြည်နယ်
အကြီးအကဲနဲ့ တွေ့ဆုံဖို့ရှိပြီး ဆက်ဆံရေးတိုးချက်ဖို့နဲ့စီးပွားရေးလုပ်ငန်း တွေကို ဆွေးနွေးသွားကြ မှာဖြစ်တယ်လို့ သိရပါတယ်။
ABC Radioaustralia
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment