Tuesday, October 8, 2013
ဂျမေကာနိုင်ငံ တောင်ပိုင်း တစ်လျှောက်တွင် မိကျောင်းများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်၍ အစားအစာအဖြစ် စားသုံးလျက်
ရှိခြင်းကြောင့် ယခုအခါ မိကျောင်းများမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး
အခြေအနေသို့ ရောက်ရှိလာကြောင်း ဂျမေကာ တက္ကသိုလ်မှ တွားသွားသတ္တ၀ါများ
လေ့လာမှု ဆိုင်ရာ အထူး ကျွမ်းကျင်သူ ဘိုင်ရွန်ဝီလ်ဆင် က ပြောကြား ခဲ့သည်။မိကျောင်းများသည် ယခင်နှစ်များ အတွင်းက မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး
ဖြစ်ပွားခဲ့ရာမှ အရေအတွက် ပြန်လည် မြင့်တက်လာခဲ့ပြီး အမေရိ ကန် ပြည်ထောင်စု
ဖလော် ရီဒါ ပြည်နယ် တစ်ဝန်းတွင် ကျင်လည် ကျက်စားခဲ့ကြသည်။ သို့ရာတွင်
ဂျမေကာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် မိကျောင်းများနှင့် ၎င်းတို့၏ ဥများအား
အစားအစာအဖြစ် စားသုံးရန် အမဲလိုက်၍ စီးပွားရေးအတွက် ရောင်းဝယ်
ဖောက်ကားမှုများ ပိုမို လုပ်ဆောင် ခဲ့ခြင်းကြောင့် ၎င်းသတ္တ၀ါများမှာ
မျိုးသုဉ်းပျောက်ကွယ် လုနီး ပါး ပြန် လည် ဖြစ်လာနိုင် သည်ဟု ကျွမ်းကျင်
သူများက ယူဆထားကြောင်း သိရသည်။
မြ၀တီ
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment