Friday, October 11, 2013

စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့်ကို အွန်လိုင်းမှတစ်ဆင့် တင်နိုင်အောင် ဆောင်ရွက်သွားမည်

Friday, October 11, 2013
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်များအတွက် ပုံစံတင်ရာတွင် အွန်လိုင်းမှ တစ်ဆင့် e Application Form ပုံစံဖြင့်တင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှဌာနမှူး ဦးမောင်မောင်ဇော် က အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။၎င်းက ယင်းသို့ပြောကြားခြင်းမှာ မရမ်းကုန်းမြို့နယ်၌ ပြည် သူများနှင့် တွေ့ဆုံပွဲတွင်ဖြစ်ပြီး မည်သည့်အချိန်တွင် ယင်းသို့ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ကိုမူ အတိအကျ သိရှိရခြင်း မရှိသေးပေ။ လက်ရှိအချိန် တွင် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အ အုံဆောက်လုပ်ခြင်းနှင့် ပတ်သက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရခြင်း ဖြစ်သည်။ယင်းကြောင့် နောက်ပိုင်းတွင်ပိုမိုလွယ်ကူစေရန်အတွက်မြို့နယ်မှ တစ်ဆင့် e Application Form နှင့် လျှောက်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။သို့သော် မြေယာပိုင်ဆိုင် မှု အထောက်အထားများနှင့် ပတ်သက်၍မူ ရုံးသို့ လာရောက်ရဦးမည် ဖြစ်သည်ဟုလည်း ဌာနမှူးက ဆို သည်။၎င်းက “နောင်ဆိုရင် မြို့နယ်မှာရှိတဲ့ စည်ပင်သာယာ အုပ်ချုပ်မှုရုံးတွေကနေ လျှောက်လွှာ e Application Form ပို့လို့ရမယ်။ သို့သော်လည်း အဆောက်အအုံ ဆောက်လုပ်တဲ့နေရာမှာ အဓိက အရေးကြီးဆုံးအချက် က မြေယာ ပိုင်ဆိုင်မှုပဲဖြစ်တယ်။ အဲဒါကြောင့် မြေပိုင်ဆိုင်မှု အထောက်အထားတွေကိုကျတော့ e(အီလက် ထရောနစ်စနစ်)နဲ့ ပို့လို့မရတဲ့အတွက်ကြောင့် တစ်ချိန်တစ်ခါ (သို့မဟုတ်) နှစ်ကြိမ် နှစ်ခါတော့ ရုံးမှာလာပြီး မူရင်းတွေတိုက်ဆိုင်စစ်ဆေးပေးဖို့အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။အဆောက်အအုံဆောက် လုပ်ခွင့်မှာ မြေမှာဂရမ်အမည်ပေါက်ဆိုပါကသတ်မှတ်ထားသောအမြင့်များအတိုင်း ဆောက်နိုင်ပြီး မြေဂရမ် ပိုင်ဆိုင်မှု အဆင့်ဆင့်လွှဲပြောင်းလာသည့် အရပ်စာချုပ်ဆိုလျှင် ပြဿနာရှိနိုင်သည့်အတွက် အထပ်နိမ့်သာ ခွင့်ပြုသည်ဟုလည်း စည်ပင်မှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လက်အောက်တွင် မြို့နယ် ၃၃ မြို့နယ်ရှိသည့်အနက် ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှု အများဆုံးမြို့နယ်မှာ သင်္ဃန်းကျွန်းဖြစ်ပြီး တရားစွဲထားသော အမှု ၅၀၅ မှု ရှိသည်။ ဒုတိယအများဆုံးမှာ လှိုင်မြို့နယ်ဖြစ်ပြီး ၂၂၈ မှုနှင့် တတိယအများဆုံး မရမ်းကုန်းတွင် ၁၂၈ မှု ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းတွင် မည်သူမှ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ မပြုလုပ်ရဟု တားမြစ်ထားသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List