Wednesday, October 09, 2013

ICE နှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်း

Wednesday, October 9, 2013
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ယမန်နေ့က ICE နှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်မူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် ဌေးလွင် ဦးစီးအဖွဲ့နှင့် တာချီလိတ် ရဲစခန်းမှ ရဲတပ်ကြပ် ကျော်မြင့်ဦး တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါး သတင်းအရ အိုက်လာ ၂၈ နှစ်(ဘ) ဦးနွဲ့တစ် အမှတ်(၅၆) လွိုင်ကျိုင်းကျေး ရွာ ဟောင်လိတ်အုပ်စု တာချီလိတ်မြို့ နေသူ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ အိုက်လာအား နေအိမ် တွင် အသင့်တွေ့ရပြီး ဆက်လက် ရှာဖွေစဉ် နေအိမ် အိပ်ခန်းအတွင်းရှိ ဗီရိုပေါ်မှ ဖုန်းဘူးခွံအတွင်း အဖြူရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်၍ ICE အလေးချိန် ၂ ဒသမ ၅ ဂရမ်ခန့်ပါ တစ်ထုပ် တန်ဖိုးငွေ ကျပ် ၅ဝဝဝဝခန့်နှင့် အပြာ ရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ် ကြွ ဆေးပြား ၇၅ ပြားပါ တစ်ထုပ် တန်ဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူ အိုက်လာအား တာချီလိတ် ရဲစခန်းမှ မယ(ပ)၁၂၃/၂ဝ၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment

My Blog List