Friday, October 11, 2013
ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ
ဗလီတလုံးကို ဝင်စီးနင်း ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးဖမ်းလိုက်ပြီလို့ရဲတွေကပြောပါတယ်။အဲဒီစီးနင်းမှုမှာလှုံ့ဆော်ရေးတရားတွေ ဟောပြော တဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာအကျယ်ချုပ်ကျခံနေရတာတပါ။ သူ ဒီကနေ့မှာ တရားရုံးမှာ လာရောက် အစစ်ခံရပါမယ်။ ဗုဒ္ဒဟူးနေ့ကတော့ တရားရုံးချုပ်က မစ္စတာမူရှာရက်ဖ် ရင်ဆိုင်နေ ရတဲ့စွဲချက်တွေထဲကတခုဖြစ်တဲ့သူပုန်ခေါင်းဆောင်တယောက် အသတ်ခံရမှုမှာ သူ့ကို
အာမခံပေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတဟောင်း မူရှာရက်ဖ်ကတော့ သူ့အပေါ်စွဲဆိုချက်တွေအားလုံးဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်။
မစ္စတာ မူရှာရက်ဖ်ရဲ့ ပြောခွင့်ရပုဂ်ဂိုလ်က အခုနောက်ဆုံး စွဲချက် ကို
ပယ်ချလိုက်ပြီး အဲဒီဗလီကိုဝင်စီးမှုဟာအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက် သမားတွေ ကို ရှင်းပစ် နိုင်ခဲ့တယ်လို့
ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment