မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် Cable Car စီမံကိန်းကို ဇွဲကပင်တောင် ဆံတော်ရှင်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံ၍ တည်ဆောက်မှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်း ဖြစ်မြောက်ရေးကော်မတီအထွေထွေအတွင်းရေးမှူးဦး အောင်မောင်းက ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းကို ကမ္ဘာ့သာသနာပြု မပာာသန္တိသုခ ကျောင်းတိုက်ကြီးမှ မူလပဓာန နာယက ပီနန် ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်၊ သုံးထပ်ကျောင်း ဆရာတော်စသည့် ဆရာတော်ကြီးသုံးပါး ဦးဆောင်ကြီးမှူး၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ ဇွဲကပင်တောင် Cable Car ဆံတော်ရှင် တည်ဆောက်မှုကို မလေးရှားနိုင်ငံမှ Cable Car တည်ဆောက်သည့် SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း သိရသည်။
Cable Car စီမံကိန်း ဖြစ်မြောက်ရေးအတွက် ဦးဆောင်ဆရာတော်များ ဆွေးနွေးနေသည်ကို တွေ့ရစဉ် |
Eleven Media Group
No comments:
Post a Comment