Friday, October 11, 2013

အစ္စလာမ္မစ် စစ်သွေးကြွများ၏ အသေခံ ဗုံးခွဲပစ္စည်း ထုတ်လုပ်ရေး စက်ရုံကို နိုင်ဂျီးရီးယားတပ်ဖွဲ့ စီးနင်းရှာဖွေ

Friday, October 11, 2013
နိုင်ဂျီးရီးယား အစ္စလာမ္မစ် စစ်သွေးကြွများ၏ ဗုံးထုတ်လုပ်ရေး စက်ရုံတစ်ခုကို နိုင်ငံမြောက်ပိုင်း ကာမိုမြို့ ပြင်ပတွင် အစိုးရ တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်များ၊ ဓာတ်မြေသြဇာများ၊ အသေခံဗုံးခွဲအင်္ကျီ ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ အစ္စလာမ္မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့က ယင်းတို့၏ အမာခံဒေ သဖြစ်သော နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွင်သာ တိုက်ခိုက်မှုများ အဓိက ပြုလုပ်ခြင်းကြောင့် ကာမိုမြို့ တွင် ယခုနှစ်အတွင်း အများအားဖြင့် တည်ငြိမ်အေးချမ်းလျက် ရှိသည်။ သို့သော်လည်း ကာမိုမြို့သည် ဆာဟာရကုန်သွယ်ရေး၏ အချက်အချာ မြို့တစ်မြို့ ဖြစ်ပြီး လူပေါင်းစုံ ဖြတ်သန်း သွားလာလျက်ရှိကာ စစ်သွေးကြွများ၏ ပစ်မှတ်ထား တိုက်ခိုက်သည်များကို အခါအားလျော်စွာ ကြုံတွေ့ရလျက် ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အစ်ဘိုခရစ်ယာန် အများစုနေ ထိုင်ရာ ဒေသတွင်း ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး ခဲ့ရ သည်။

Photo: အစ္စလာမ္မစ် စစ်သွေးကြွများ၏ အသေခံ ဗုံးခွဲပစ္စည်း ထုတ်လုပ်ရေး စက်ရုံကို နိုင်ဂျီးရီးယားတပ်ဖွဲ့ စီးနင်းရှာဖွေ
Friday, October 11, 2013

နိုင်ဂျီးရီးယား အစ္စလာမ္မစ် စစ်သွေးကြွများ၏ ဗုံးထုတ်လုပ်ရေး စက်ရုံတစ်ခုကို နိုင်ငံမြောက်ပိုင်း ကာမိုမြို့ ပြင်ပတွင် အစိုးရ တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်များ၊ ဓာတ်မြေသြဇာများ၊ အသေခံဗုံးခွဲအင်္ကျီ ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အစ္စလာမ္မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့က ယင်းတို့၏ အမာခံဒေသဖြစ်သော နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွင်သာ တိုက်ခိုက်မှုများ အဓိက ပြုလုပ်ခြင်းကြောင့် ကာမိုမြို့တွင် ယခုနှစ်အတွင်း အများအားဖြင့် တည်ငြိမ်အေးချမ်းလျက် ရှိသည်။

သို့သော်လည်း ကာမိုမြို့သည် ဆာဟာရ ကုန်သွယ်ရေး၏ အချက်အချာ မြို့တစ်မြို့ ဖြစ်ပြီး လူပေါင်းစုံ ဖြတ်သန်း သွားလာလျက်ရှိကာ စစ်သွေးကြွများ၏ ပစ်မှတ်ထား တိုက်ခိုက်သည်များကို အခါအားလျော်စွာ ကြုံတွေ့ရလျက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အစ်ဘိုခရစ်ယာန် အများစုနေထိုင်ရာ ဒေသတွင်း ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ကာမိုမြို့ပြင် ဂန်ဒူဝါဝါရွာရှိ နေအိမ်တစ်ခုကို နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေခဲ့ပြီး တပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း ကာမိုစစ်ဒေသ တပ်မှူး ဗိုလ်မှူးချုပ် အစ်ယာရူအတ်ဘတ်က ပြောကြားသည်။
“လက်လုပ်ဗုံးလုပ်တဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။ သူတို့တွေက ဒီမှာလက်နက်တွေ ထုတ်လုပ်နေတာပါ။ လက်လုပ်ဗုံး သုံးခု၊ အသေခံဗုံးခွဲရေး ကျောပိုးအိတ်တစ်ခုနဲ့ ဗုံးခွံ ၁၈ ခု တွေ့ရှိထားပါတယ်” ဟု ဗိုလ်မှူးချုပ် အစ်ယာရူက ပြောကြားသည်။

ယင်းဖောက်ခွဲရေး ပစ္စည်းများအပြင် စနက်တံ ၂၄ ခု၊ ဓာတ်မြေသြဇာများ၊ အဝေးထိန်း ကိရိယာများ၊ လက်နက်များ၊ ရာနှင့်ချီသည့် ကျည်ဆန်များကို ရှာဖွေတွေ့ရှိခဲ့သည်။

မကြာမီ ကျင်းပတော့မည့် မွတ်ဆလင် အထိမ်းအမှတ်နေ့ကို အနှောင့်အယှက် ပေးနိုင်ရန် ဖောက်ခွဲရေး ပစ္စည်းများကို စုဆောင်းထားရှိခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေး အစီရင်ခံစာများကို ကိုးကားပြီး နိုင်ဂျီးရီးယား တပ်မတော်က ပြောကြားသည်။

ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ကို ဦးတည်သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မေလမှ စတင်ပြုလုပ်လျက် ရှိသော်လည်း အင်အားလျော့နည်းသွားခြင်း မရှိဘဲ စစ်သွေးကြွ အဖွဲ့မှာ နိုင်ဂျီးရီးယားနိုင်ငံအတွက် အကြီးမားဆုံး စစ်ရေးခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသေးကြောင်း Reuters သတင်းတွင် သုံးသပ်ထားသည်။

နိုင်ဂျီးရီးယား စိုက်ပျိုးရေး ကောလိပ် ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့် အနေနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းကလည်း ဘိုကိုဟာရမ် အဖွဲ့၏ စစ်စခန်းများကို နိုင်ဂျီးရီးယား တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

The Voice Weekly
ကာမိုမြို့ပြင် ဂန်ဒူဝါဝါရွာ ရှိ နေအိမ်တစ်ခုကို နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေခဲ့ပြီး တပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း ကာမိုစစ်ဒေသ တပ်မှူး ဗိုလ်မှူးချုပ် အစ်ယာရူအတ်ဘတ်က ပြောကြား သည်။“လက်လုပ်ဗုံးလုပ်တဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။ သူတို့တွေက ဒီမှာလက်နက်တွေ ထုတ်လုပ်နေတာပါ။ လက်လုပ်ဗုံး သုံးခု၊ အသေခံဗုံးခွဲရေး ကျောပိုးအိတ်တစ်ခုနဲ့ ဗုံးခွံ ၁၈ ခု တွေ့ရှိထားပါတယ်” ဟု ဗိုလ်မှူးချုပ် အစ်ယာရူက ပြောကြားသည်။ ယင်းဖောက်ခွဲရေး ပစ္စည်းများ အပြင် စနက်တံ ၂၄ ခု၊ ဓာတ်မြေသြဇာများ၊ အဝေးထိန်း ကိရိယာများ၊ လက်နက်များ၊ ရာနှင့်ချီသည့် ကျည်ဆန်များကို ရှာဖွေတွေ့ရှိခဲ့သည်။မကြာမီ ကျင်းပတော့မည့် မွတ်ဆလင် အထိမ်းအမှတ်နေ့ကို အနှောင့်အယှက် ပေးနိုင်ရန် ဖောက်ခွဲရေး ပစ္စည်းများကို စုဆောင်းထားရှိခြင်း ဖြစ်ကြောင်း ထောက် လှမ်းရေး အစီရင်ခံစာများကို ကိုးကားပြီး နိုင်ဂျီးရီးယား တပ်မတော်က ပြောကြားသည်။
ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ကို ဦးတည်သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မေလမှ စတင်ပြုလုပ်လျက် ရှိသော်လည်း အင်အားလျော့နည်းသွားခြင်း မရှိဘဲ စစ်သွေးကြွ အဖွဲ့မှာ နိုင်ဂျီးရီးယားနိုင်ငံအတွက် အကြီးမားဆုံး စစ်ရေးခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသေးကြောင်း Reuters သတင်းတွင် သုံးသပ်ထားသည်။
နိုင်ဂျီးရီးယား စိုက်ပျိုးရေး ကောလိပ် ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့် အနေနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းကလည်း ဘိုကိုဟာရမ် အဖွဲ့၏ စစ်စခန်းများကို နိုင်ဂျီးရီးယား တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment

My Blog List