Wednesday, October 09, 2013

ရာဇာမင်းကား ဓားပြတိုက်ခံရမှုနှင့်ပတ်သက်ပြီးမှားယွင်းဖမ်းဆီးခံ ထားရသူ KNU/ KNLA PC အဖွဲ့ဝင်လေးဦးပြန်လည်လွတ်မြောက်

Wednesday, October 9, 2013
ရာဇာမင်း ဓားပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး မှားယွင်းဖမ်းဆီးခံထားရသူ KNU/KNLA PC အဖွဲ့ဝင်လေးဦးမှာ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ငြိမ်းချမ်းရေးကောင်စီKNU/KNLA PC မှ ထောက်လှမ်းရေးဌာနတာဝန်ခံဗိုလ်မှူးအောင်ပိုင်သိန်းက ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ပြောသည်။
ယနေ့ ညနေ ၄ နာရီခန့်က သထုံရဲစခန်းမှ ပြန်လည်လွတ်မြောက်လာပြီး စတင်ဖမ်းဆီး စဉ်ကသိမ်းဆည်းထားသည့် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်တို့မှာ ပြန်လည်ရရှိခြင်းမရှိ သေးကြောင်း ၄င်းကဆိုသည်။ ''လေးဦးစလုံး ပြန်လွတ်လာတယ်။ ပစ္စည်းတွေကတော့ ပြန်မရသေးဘူး''ဟု ဗိုလ်မှူး အောင်ပိုင်သိန်းကပြောသည်။ အဆိုပါ ကား၊ လက်နက်တို့နှင့်ပတ်သက်ပြီး ယခုလ ၁၅ ရက်သို့ ထပ်မံချိန်းဆိုထား ကြောင်း၊ ပြန်လည်ရမည်၊ မရမည်ကို မသိရှိသေးကြောင်း ၄င်းကထပ်မံပြောသည်။ယခုနှစ် ဇွန် ၆ ရက်က ရန်ကုန်မှမော်လမြိုင်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီးသည်တင်ယာဉ်လိုင်း မွန်ပြည်နယ်တောင်စွန်းကျေးရွာအနီးတွင် ဓားပြတိုက်ခံခဲ့ရပြီး အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ KNU/KNLA PC ဗဟိုဌာနချုပ်ရှိ ဗိုလ်ကြီး အဆင့်တစ်ဦး၊ ဗိုလ်အဆင့် တစ်ဦးနှင့်၎င်းဇနီးအပါအဝင် ခရီးသည်တစ်ဦးတို့ကို ဇွန် ၁၃ ရက် မွန်ပြည်နယ် သထုံမြို့နယ် အလံတရာကျေးရွာ၌ သက်ဆိုင်ရာက လာရောက်ဖမ်းဆီးသွားပြီး ပုဒ်မ ၁၉(စ)၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၈ တို့ဖြင့် စွဲဆိုခဲ့ကြောင်းသိရသည်။
စတင်ဖမ်းဆီးစဉ်က ဓားပြတိုက်မှုဖြင့်ဖမ်းဆီးသွားခြင်းဖြစ်ပြီး အမှုမှန်တရားခံကို ဖမ်းဆီး မိပြီးနောက် တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ မှောင်ခိုကားတင်သွင်းမှုတို့ဖြင့် ဖမ်းဆီးထား ကြောင်း ၄င်းကဆိုသည်။
''တရားခံ အမှန်လဲ မိသွားပြီ။ ပြန်လွှတ်ပေးဖို့ပြောတော့ လက်နက်မှု၊ ကားအမှုတွေနှင့် ထပ်စွဲဆိုတယ်။ လက်နက်ဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းတွေအနေနဲ့ ကိုင်ရတာပဲ။ ကား ကလဲ ဒီလိုပဲ စီးနေကြတာပဲ။ ဒါကို ထပ်စွဲထားတာ''ဟု ဗိုလ်မှူးအောင်ပိုင်သိန်းက ပြောသည်။
ဖမ်းဆီးခံခဲ့ရစဉ်က ၄င်းတို့နှင့်အတူတိုယိုတာ ကားတစ်စီး၊ ၃၈ ဆုံလည်ကိုယ်ဆောင် ပစ္စတိုသေနတ်တစ်လက်၊ ကိုးလုံးကျည်ခါးချိုးကိုယ်ဆောင် သေနတ်တစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ စကားပြောစက်နှစ်လုံး၊ ဖုန်းတစ်လုံးတို့ကိုလည်းသိမ်းဆည်းခဲ့ကြောင်း သိရသည်။
The Union Daily

No comments:

Post a Comment

My Blog List