Wednesday, October 09, 2013

အငြိမ်းစား ကျောင်းဆရာမတစ်ဦး၏ ၁၄၄ သိန်းကျော်တန်ဖိုးရှိ ရတနာပစ္စည်းများခိုးယူခံရ

Wednesday, October 9, 2013
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် အငြိမ်းစားကျောင်းဆရာမ တစဦး၏ ၁၄၄သိန်းကျော် တန်ဘိုးရှိ လက်ဝတ် ရတနာပစ္စည်းများ အော်တိုဘာ ၇ ရက်က ခိုးယူခံလိုက်ရသည်ဟု ရန်ုကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က ဆိုထားသည်။
အောက်တိုဘာ ၇ ရက် နံနက် ၉နာရီ ခွဲအချိန်က ရွှေပေါက္ကံမြို့နေ အငြိမ်းစားကျောင်း ဆရာမဒေါ်----သည်
နေအိမ်အားသော့ခက်ပြီး ဈေးသို့သွားကာအလှပြင်နေစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။
နေအိမ်နောက်ဖေးတံခါးကို ကလန့်ဖွင့်ထားသဖြင့်အတွင်း၌ ခတ်ထားသောသော့နှင့် ပတ္တာပြုတ်ထွက်ကာ တံခါးပွင့်နေ့သည်ကို တွေ့ရပြီး အိမ်ပေါ်ထပ်ဘုရားခန်းတွင်ထားသော သံသေတ္တာမှာလည်း သော့ကို ဖျက်ဆီး ခံထားရကာ သံသေတ္တာအတွင်းမှ စိန်ရွှေရတနာများပါသည့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံထား ရခြင်းဖြစ်သည်။ ပျောက်ဆုံးသွားသော လက်ဝတ်ရတနာပစ္စည်းပေါင်း ၁၃မျိုးခန့်ရှိပြီးတန်ဖိုးအားဖြင့် ကျပ်သိန်း (၁၄၄၅၅၀၀ ၀) ကျပ်ရှိသည်ဟုလည်း ဒေါ်-----က ရဲအား ပြောပြတိုင်တန်းထားသည်။ထို့ကြောင့် ရွှေပေါက္ကံနယ်မြေရဲစခန်း က (ပ)၁၈၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ခိုးယူသွားသူ ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဖမ်းမိပါက ပုဒ်မ ၃၈၀ ဖြင့် အရေးယူသွားမည်ဟုဆိုထားသည်။
Mizzima

No comments:

Post a Comment

My Blog List