Wednesday, October 9, 2013
ပေါ်တူဂီဂန္ထ၀င် ကစားသမား အူဆီဘီယိုက ပေါ်တူဂီ လက်ရွေးစင် အသင်း တွင်
စီရော်နယ်ဒို၏ သွင်းဂိုး (၂)ဂိုးအသာ သို့ရောက်ရှိ လာခဲ့ပြီးနောက် ယင်းကစား
သမားနှင့် ၄င်းအား ခိုင်းနှိုင်းနေခြင်းအပေါ် ၀မ်းနည်း မိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။သို့ရာတွင်မူ အူဆီဘီယိုက ၄င်း၏ဂိုးသွင်းရလဒ်မှာ အခြားပြိုင် ဘက်များ
ထက်ကောင်း မွန်ကြောင်းပြောခဲ့သည်။ အူဆီဘီယို သည်ပေါ်တူဂီအတွက် ၆၄ပွဲတွင် ၄၁
ဂိုး သွင်းထားနိုင်ကာ၊ ထိပ်ဆုံးမှ ဦးဆောင်နေ သည့်ပေါ်လက် တာ က ၈၈ ပွဲတွင်
၄၇ ဂိုး၊ ဒုတိယနေ ရာမှ စီရော်နယ်ဒိုက ၁၀၆ ပွဲတွင် ၄၃ ဂိုးသွင်း ယူထားသည်။
အသက်၂၈ နှစ်ရှိပြီဖြစ်သူ စီရော်နယ် ဒိုမှာ ပေါ်တူဂီ ၏ ဂိုးအများဆုံး သွင်းထား
သူ ပေါ်လက်တာနှင့်(၄)ဂိုး သာ ကွာဟမှု ရှိနေပြီးလက်ရှိတွင် ၄၃ ဂိုးသွင်း
ယူထားနိုင်သည်။ အူဆီဘီယိုက "ခင်ဗျားတို့တွေ အနေနဲ့
နှိုင်းယှဉ်မှု မလုပ်သင့်ဘူး။ ဒါက ကျွန်တော့် အတွက် ၀မ်းနည်းစရာပါပဲ။ ဒါဟာ
တကယ့်ကိုအမှားကြီးပါပဲ။ ကျွန်တော်က ပွဲ၆၄ပွဲမှာ ၄၁ဂိုး သွင်းနိုင် ခဲ့တယ်။
အခုလက်ရှိ မှာရော်နယ်ဒိုက ဂိုးတွေအများကြီး သွင်းနိုင်နေတယ်။
ဒီနေ့အချိန်မှာ ပြိုင်ဘက် အသင်းအချို့နဲ့ ကစားရတာ လွယ်ကူမှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ ကျွန်တော့်အတွက်တော့ လက်ချင်စတိန်း(ဒါမှမဟုတ်) အဇာဘိုင်ဂျန်တို့နဲ့တောင်မကစားနိုင်တော့ဘူး"ဟုပြောခဲ့သည်။ ရော်နယ်ဒိုက ပေါ်တူဂီ၏ကမ္ဘာ့ဖလားခြေ စစ်ပွဲဖြစ်သည့် အစ္စရေး၊ လူဇင်ဘတ် တို့နှင့်ပွဲများအတွက်
ပြင်ဆင်မှု များပြုလုပ်လျက်ရှိသည်။
Goal Myanmar
California Governor Rejects $13.5 Billion PG&E Settlement
-
The decision announced Friday in a five-page letter to PG&E CEO William D.
Johnson marks a major setback in the utility’s race to meet a June 30
deadline t...
3 hours ago
No comments:
Post a Comment