Wednesday, October 9, 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းတွင်ပါဝင်သော ရွှေ့ပြောင်းရမည့်ဝက်မှေးရွာဟောင်း မှ ဒေသခံပြည်သူလူထုများ လျှောက်ထားသည့်ဆန္ဒထုတ်ဖော်ခွင့်အား
ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီမှမွန်းတည့် ၁၂နာရီ အထိ အင်အား ၁၅ဝဝ ဖြင့်
ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်
ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးအောင်ကျော်ကပြောသည်။
ခွင့်ပြုချက်တောင်းခံရရှိခြင်းနှင့်ပတ်သက်၍ ဝက်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ''လျှောက်လွှာတင် ထားတာက အင်အား ၁၅ဝဝ ပါ။ တောင်းဆိုချက်ငါးချက်ပါတယ်။အချိန်က
နံနက် ၈နာရီကနေ ညနေ ၅ နာရီအထိ ဆည်မြောင်းလမ်းဆုံကနေ ဝမ်ပေါင်ကုမ္ပဏီရုံး
စိုက်တဲ့ မုံရွာ-ပုသိမ်လမ်းဆုံအထိပါ။ အင်အား ၁၅ဝဝ ကိုတော့ တင်ထားတဲ့အတိုင်း
ခွင့်ပြုပြီး ကျန်တာတွေကတော့ တင်ထားအတိုင်းခွင့်မပြု ပါဘူး။
ဆည်မြောင်းလမ်းဆုံကနေ ရန်မျိုးအောင် ဘုရားရှေ့အထိခွင့်ပြုတယ်။ အချိန်ကလည်း
တင်ထားတဲ့အတိုင်း မရဘဲ နံနက် ၁ဝ နာရီကနေ မွန်းတည့် ၁၂နာရီအထိခွင့်ပြုပေးတာ။ကျွန်တော်တို့အတွက်အချိန်အရမ်းနည်း ပါတယ်။ တောင်းဆိုထားတဲ့အချိန်နဲ့ နေရာအတိုင်းရရှိဖို့ ထပ်မံတောင်းဆိုဆွေးနွေးရမှာပါ''ဟုပြောသည်။တောင်းဆိုချက်ငါးချက်မှာ တောင်သူလယ်သမားအခွင့်အရေးအပြည့်အဝရရှိရေး၊လယ်ယာ မြေလျော်ကြေးတိုးမြှင့် သတ်မှတ်ပေးရေး၊ လျော်ကြေးမယူသောလယ်ယာမြေများပေါ်တွင်အဆောက်အအုံမဆောက်လုပ်ရေး၊ လယ် ယာ မြေလျော်ကြေး
အငြင်းပွားမှုဖြေရှင်း မပြီးမချင်း စီမံကိန်းလုပ်ငန်းမစတင်ရေး၊
သပိတ်စခန်းဖြိုခွဲ ရာတွင် ထိခိုက်မှုများအပေါ် တာဝန်ရှိသူများကို
ဖော်ထုတ်ပေးရေးတို့ဖြစ်ကြောင်းသိရသည်။
The Union Daily
ခွင့်ပြုချက်တောင်းခံရရှိခြင်းန
The Union Daily
No comments:
Post a Comment