Friday, October 11, 2013

လိုင်းကားများဖျက်သိမ်းအပ်နှံပါက မီနီဘတ်စ်နှင့် စီးတီးဘတ်စ်များအ စားထိုးတင်သွင်းခွင့်ရ

Friday, October 11, 2013
ခရီး သည်တင်လိုင်းများတွင် ပြေးဆွဲနေ သောယာဉ်များကို ဖျက်သိမ်း အပ် နှံပါက Mini Bus သို့မဟုတ် City Bus ကြိုက်နှစ်သက်ရာအစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာ နမှ ထုတ်ပြန်ချက်များ အရသိရသည်။အဆိုပါကားအမျိုးအစား နှစ်ခု ကို ကြိုက်နှစ်သက်ရာအစား ထိုးတင်သွင်းခြင်းပြုလုပ်ရာတွင် ခရီးသည် တင် ယာဉ် လိုင်းများ၌ ပြေးဆွဲနေသော ဟိုင်းလတ်၊ ပစ် ကပ်နှင့် လိုက်ထရပ်ယာဉ် များကို ဖျက်သိမ်းအပ်နှံရာတွင် တင်သွင်း ခွင့်ပြုခြင်းဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ''ခရီးသည်တင်လိုင်း မှာသုံးတဲ့ကားတွေဖြစ်တဲ့အတွက် Mini Bus အပြင် City Bus ကား ကြီးတွေကိုပါသွင်းတာက ပိုအ ဆင်ပြေစေမှာဖြစ်တဲ့အ တွက် ကြောင့် ဒီလိုတင်သွင်းခွင့်ပြုလိုက် တာပါ''ဟုပြောသည်။
ယင်းသို့ အစားထိုးတင်သွင်း ခြင်းဆောင်ရွက်ရာတွင်လည်း အငှားယာဉ်အဖြစ် ပြန်လည်အစား ထိုးတင်သွင်းရမည်ဖြစ်ပြီး ခရီး သည်တင်ယာဉ်လိုင်းများတွင်သာ ပြန်လည်ပြေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ခရီးသည်တင်လိုင်း များတွင်ပြေးဆွဲနေသော ဟိုင်း လတ်၊ ပစ်ကပ်နှင့် လိုက်ထရပ်ယာဉ် အမျိုးအစားများကို ဖျက်သိမ်း အပ်နှံပြီး အစားထိုးတင်သွင်းရာ တွင် ခရီးသည်တင်လိုင်းများ၌ ပြန် လည်ပြေးဆွဲရန်အတွက် Mini Bus ယာဉ်များကိုသာတင်သွင်း ခွင့်ပြုခဲ့ရာမှ ခရီးသည်တင်ယာဉ် လိုင်းပြေးဆွဲယာဉ်ဖြစ်၍ ယခုအ ခါတွင် မီနီဘက် သို့မဟုတ် City Bus ကြိုက်နှစ်သက်ရာတင် သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ယင်းသို့တင်သွင်းခွင့်ပြု ခြင်းနှင့်ပတ်သက်၍ ၃၁ ယာဉ် လိုင်းပိုင်ရှင် ဦးမျိုးဝင်းက ''အခု လို တင်သွင်းခွင့်ပြုလိုက်တဲ့အ တွက် ပိုအဆင်ပြေ သွားတာပေါ့။ ခရီးသည်တွေလဲ အဆင်ပြေပြေ သွားလာနိုင်တာပေါ့။ ယခု ရန်ကုန်မြို့တွင်း ဖြစ် ပေါ်နေသော ခရီးသည်တင်ယာဉ် လိုင်း မတော်တဆမှုများတွင် ဟိုင်း လတ်၊ ပစ်ကပ်နှင့်လိုက်ထရပ်ကား အမျိုးအစားများက အများဆုံး ဖြစ်ကာ ယင်းကားများကို ယာဉ် အိုဟောင်း အစားထိုးစီမံချက်ဖြင့် Mini Bus နှင့် City Bus ကားများ အဖြစ် တင်သွင်းခွင့်ပြုခြင်းသည် ယာဉ်အန္တရာယ်များကို လျော့ကျ စေနိုင်ပြီး ယခင် Mini Bus ကို သာ တင်သွင်းခွင့်ရရာမှ ယခုကဲ့ City Bus ကားများကိုပါ တင် သွင်းခွင့်ပြုလိုက်ခြင်းသည် သယ် ယူ ပို့ဆောင်ရေးလုပ်ငန်းများ ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရ သည်။

No comments:

Post a Comment

My Blog List