Monday, October 07, 2013

ရှင်မတောင် ဧရိယာ၏ ၉၂ ရာခိုင်နှုန်း သစ်တောဖုံးလွှမ်း မှု ပြန်လည်ရရှိနေပြီဖြစ်

Monday, October 7, 2013
ရှင်မ တောင်ဧရိယာတစ်ခုလုံး၏ ၉၂ ရာခိုင်နှုန်းမှာ သစ်တောများပြန် လည်ဖုံးလွှမ်းနေပြီဖြစ်ကြောင်း အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနမှသိရသည်။
ရှင်မတောင်ဧရိယာသည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ် များတွင်တည်ရှိပြီး ရှင်မတောင် စိမ်းလန်းစိုပြည်ရေးအတွက် ၁၉၉၅ ခုနှစ်မှစတင်ကာ သစ်တောစိုက် ခင်းများတည်ထောင်ခြင်းနှင့် ၁၉၉၈ ခုနှစ်တွင် သဘာဝတောကျန်များ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုအချိန်အထိ အစဉ်တစိုက်လုပ် လာခြင်းဖြစ်ကြောင်း သိရသည်။
အပူပိုင်းစိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးဦးဘကောင်း က ''ရှင်မ တောင်က အခုဆိုသစ်တောဖုံး လွှမ်းမှု ၉၂ရာခိုင်နှုန်းက ပြန်လည် ရရှိနေပါပြီ။ ရှင်မတောင်မှာတော ဖုံးလွှမ်းမှုမရှိတဲ့ ဧရိယာကဧက ၁၅၀၀ လောက်ကျန်ပါသေးတယ်။ အဲဒီနေရာတွေကတော့ စိုက်ပျိုး ရန်ခက်ခဲတဲ့ မတ်စောက်ပြီး ကျောက် ထူထပ်တဲ့အတွက် ကျန်နေသေး တာပါ။ အဲဒီနေရာတွေကလဲ သဘာဝတောဖုံးလွှမ်းမှုပြန်လည် ရှိနေပါပြီ''ဟု ပြောသည်။ ရှင်မတောင်သည် အမြင့် ဆုံး ၁၇၂၃ပေမြင့်ကာ အကျယ်အ ဝန်းမှာ ၁၈၉၉၅ ဧကကျယ်ဝန်းပြီး သစ်တောစိုက်ခင်းနှင့် သဘာဝ တောပေါင်း ဧက ၁၇၅၂၅ ဧက ထိန်းသိမ်းထားပြီး ဖြစ်သောကြောင့် စိုက်ပျိုးရန်ကျန်ရှိမှုမှာ ဧက ၁၄၇၀ သာ ကျန်ရှိတော့ကြောင်း သိရသည်။
ဦးဘကောင်းက ''တရား မဝင်သစ်ခုတ်ခြင်း၊ ယာမြေချဲ့ထွင် ခြင်းနဲ့ အခြားဖျက်ဆီးမှုတွေက ကာကွယ်နိုင်ဖို့အတွက် အခြေ စိုက်စခန်းထားရှိပြီး လှည့်လည် စစ်ဆေးမှုတွေကို လုပ်ဆောင်နေ ပါတယ်''ဟု ဆက်လက်ပြောသည်။ ရှင်မတောင်တွင် သဘာဝ ပေါက်ပင်များမှာ ရှား၊ ထန်း၊ ဆီး၊ သမုန်း၊ သန်း၊ ဒဟတ်၊ နဘဲ၊ ယင်း မာ၊ နှော၊ ထောက်ကြံ့၊ သင်းဝင်၊ ပိတ်သင်းခတ်၊ ထနောင်း၊ အင် ကြင်း၊ ခူဆံ၊ ကုက္ကို၊ မန်ကျည်း၊ သပွတ်ကြီးအပါအဝင် အခြားအ ပင်မျိုးစိတ်များလည်း ပေါက် ရောက်ကြောင်းသိရသည်။ ထို့အ ပြင် ယခုအခါ တောဖုံးလွှမ်းမှုပြန် လည်ကောင်းမွန်လာသဖြင့် ယုန်၊ သမင်၊ ခါ စသည့်သဘာဝကျေး ငှက်တိရစ္ဆာန်များ လည်း ပြန်လည် ရောက်ရှိ ကျက်စားနေကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး သစ် တောပညာရှင်တစ်ဦးက ''အပူ ပိုင်းဒေသမှာ ဖြစ်နေတာတွေက မိုးခေါင်တယ်၊ ရေရှားတယ်၊ အဲဒါ ကလဲ သစ်တောတွေ မရှိတော့လို့ ဖြစ်ရတာ။ ရေရှားတာတွေ ကိုအ ကောင်းဆုံးဖြေရှင်းပေးနိုင်တာ ကတော့ သစ်ပင်စိုက်တာပါပဲ။ ရှင်း မတောင်တစ်ခုတည်းတင် မဟုတ် ပါဘူး အပူပိုင်းဇုန်မှာစိုက်ပျိုးရ မယ့် နေရာတွေအများကြီးကျန် နေပါသေးတယ်''ဟု ပြောသည်။ရှင်မတောင်တွင် ကျောက် ထပ်ကြိုးဝိုင်း၊ ရှင်မတောင်ကြိုး ဝိုင်းနှင့် နဂါးမတောင်ကြိုးဝိုင်းတို့ ရှိကြောင်းသိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List