Thursday, October 10, 2013
ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အောက်တိုဘာ ၈ ရက် က အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။
(၁၀)ရပ်ကွက်၊ သံလွင်လမ်းနေသူ ဒေါ်------ ၎င်း၏ အိမ်ငှားဖြစ်သူ မ---- တန်ဖိုးနည်းဆင်းကတ်လျှောက် ထားသည့် ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးထံ လျှောက်လွှာလက်ခံပေးရန် ပြောရာ “ခင်ဗျား ဒီစကားေ တွ လာမပြောနဲ့၊ မပေးဘူး” ဟု ပြောဆိုခဲ့ပြီး ဘာကြောင့် မပေးရတာလဲဟု မေးမြန်းရာတွင်လည်း “မ----က --- ဖြစ်နေ၍ မပေးတာ” ဟုပြောဆိုခဲ့ကြောင်း တရားလိုက ရဲတိုင်ရာတွင် ထည့်သွင်း ပြောထားသည်။
ထိုတန်တန်းမှုကို ကမာရွတ်ရဲစခန်း က (ပ)၄၄၂/၂၀၁၃ဖြင့် အမှုဖွင့်၍ တိုင်တန်းခံရသည့် ရပ်ကွက်အုပ်ချု ပ်ရေးမှူးကို စစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၅၄ ဖြင့် အရေးယူမည်ဟုတိုင်းရဲဌာနကဆိုထားသည်။
Mizzima - News in Burmese
No comments:
Post a Comment