ရာထူးမတိုးခြင်း နှင့် လစာ နည်းမှုကြောင့် ကျောင်းဆရာများ အလုပ်ထွက်မှုပိုများလာ
Wednesday, October 9, 2013
အရာရှိ ရာထူးအဆင့်ကို အလွယ်တကူ မရရှိခြင်းနှင့် လစာနည်းပါးမှုများ ကြောင့်
အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်ကြခြင်းဖြစ် ကြောင်း အခြေခံပညာအသိုင်း
အဝိုင်းမှ သိရသည်။ ယခင်က ဆရာ၊ ဆရာမ များအနေဖြင့် အသက် ၄၅နှစ်၊ ၅၀
နှစ်ခန့်ရှိလာပါမှ အရာရှိအဆင့် ကို ခံစားခွင့်ရှိခဲ့ကြောင်း SAT, ATEO,
နှင့် အလယ်တန်းကျောင်း အုပ်များသည် လစာတန်းတူရရှိ ခဲ့ကြောင်း၊
အရာရှိအဆင့်ကို နှစ် တိုအတွင်းခံစားခွင့်မရှိခဲ့ကြောင်းသိရသည်။ယင်းနှင့်ပတ်သက်၍ ပေါင်းတည်မြို့နယ်မှအလယ်တန်း ကျောင်း အုပ်
ဦးတင်ခိုင်ညွန့်က ''အလယ်တန်းကျောင်းအုပ်တွေ အနေနဲ့ အရာရှိအဆင့်ရဖို့မလွယ်
ဘူး။ လစာကလဲ ကွာတယ်လေ။အဲဒီတော့အလုပ်ထွက်ကြတယ်။ဒါကရာနှုန်း ပြည့်မဟုတ်ပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်''ဟု ပြော သည်။ အမျိုးသားကျောင်းဆရာ
များအနေဖြင့် လစာနည်းပါးမှု၊ အရာရှိအဆင့်ရာထူးရရှိရန် ဆယ်စုနှစ် ခန့်
စောင့်ဆိုင်းရသောကြောင့်အလုပ်ထွက်ကြပြီးအခွင့်အလမ်းပိုမိုရရှိသည့်နေရာများသို့ ပြောင်း ရွှေ့လုပ်ကိုင် လာကြကြောင်း၊ ယခု အခါ ပညာရေးကောလိပ်တွင်
ဆရာ၊ ဆရာမ ခေါ်ယူရာတွင် အမျိုးသမီး ဆရာ မလျှောက်ထား မှု များပြားသောကြောင့်
အမျိုး သားကျောင်းဆရာများအတွက် ဝင်ခွင့်ရရှိရန် အခွင့် အရေး များ လာကြောင်း
သိရသည်။ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ''အမျိုးသားကျောင်း ဆရာတွေ နည်းပါးလာတာ မှန် ပါတယ်။ အဲဒါကြောင့်လဲ
ဝန်ကြီး ဌာနအနေနဲ့ လစာတိုးပေးတာတို့၊ ဆရာတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှု၊
နေရာထိုင်ခင်းပေးတာ တို့ လုပ်ပေးရင် ဆရာတွေအနေ နဲ့ ဒီအလုပ်ကို
စိတ်ဝင်စားလာ မယ်လို့ ထင်တယ်။ ဒီကိစ္စကိုလဲ အစီအစဉ်လေးတွေဆွဲပြီးအကောင် အထည်ဖော် ဖို့တော့ ဆွေး နွေးနေပါပြီ''ဟု ပြောသည်။ဝန်ကြီးဌာနအနေဖြင့် ဝေး လံခေါင်ဖျားဒေသများတွင် တာ ဝန်ထမ်းဆောင်ရန် ဆရာ၊
ဆရာမများခေါ် ယူလျက်ရှိရာ အမျိုး သားကျောင်းဆရာများကို ဦးစားပေးခေါ် ယူလျက်ရှိကြောင်း၊ လစာ နှစ်ဆ ခံစားခွင့် ရှိနေသော်လည်း လက်ရှိတွင်
အမျိုးသားကျောင်းဆရာ အရေ အတွက်မှာ အမျိုးသမီး ကျောင်းဆရာမ အရေအ တွက်ထက်
သုံးပုံတစ်ပုံခန့်မျှသာ ရှိနေကြောင်းသိရသည်။ အထက(၂)ဒဂုံမှ
ကျောင်းအုပ်ဆရာကြီးဦးအေးသင်းက ပြောပြရာတွင်''အရင်တုန်းကအထက်တန်းကျောင်း အုပ်တစ်ဦး အရာရှိအဆင့်ရဖို့ဆိုရင် နှစ် ၃၀
လောက်စောင့်ခဲ့ရတယ်။ အဲဒီ လောက်ဆယ်စုနှစ်အချိန်ကိုေ စာင့် ဆိုင်းပြီးမှ
ပြန်တမ်းဝင်အရာရှိဆို တာဖြစ်တာ။ အမျိုးသားကျောင်း ဆရာတွေ အလုပ်ထွက်တယ်ဆို
တာ လစာနည်းလို့လဲပါတယ်''ဟု ပြောသည်။ မြန်မာတွင် အခြေခံပညာ ဆရာ၊ ဆရာမပေါင်း
နှစ်သိန်း ရှစ် သောင်းကျော်ရှိသည်။
Yangon Media Group
No comments:
Post a Comment