အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးပြဿနာအား ဖြေရှင်းရန်နှင့် အထောက်အထားမရှိသည့် ၁၁ သန်း မျှသော ရွှေ့ပြောင်းများ၏ တရားဥပဒေအကြောင်းအရ မရှင်းမလင်းဖြစ်နေခြင်းအား အဆုံးသတ် ရန်အတွက် ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများက အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြခဲ့ကြကြောင်း အောက်တိုဘာ ၆ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
Coast-to-coast လှုပ်ရှားမှုများတွင် ဆန္ဒပြသူပေါင်း ၃,၀၀၀ ခန့် ပါဝင်ခဲ့ပြီး ၎င်းတို့အနက် အများစုမှ အာရှတိုက်သားများ၊ အာရပ်များနှင့် ဟစ်စပန်းနစ်အနွယ်ဝင်များဖြစ်ကြ
“ကျွန်တော်တို့ လိုအပ်နေတာက ဆန့်ကျင်သူတွေကို ငြိမ်းချမ်းစွာနဲ့ အနိုင်ယူဖို့ပါ။ သောင်တင်နေတဲ့ သူတွေအတွက် ဖြေရှင်းမှုတစ်ခုတော့ မဖြစ်မနေရသင့်ပါတယ်” ဟု အမေရိကန်နိုင်ငံအတွင်း ဆယ်စုနှစ်တစ် ခု နီးပါးမျှတရားမ၀င် နေထိုင်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ဟွန်ဒူရပ်နိုင်ငံသား Danick Martinez က ပြောကြားလိုက်သည်။ဂုဏ်သိက္ခာနှင့် လေးစားမှုအတွက် ချီတက်ဆန္ဒပြခြင်းအား နယူးယောက်မြို့ရွှေ့ပြောင်းများ ညွှန့်ပေါင်းအဖွဲ့နှင့်တခြားသော အဖွဲ့များမှ စုစည်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊
AFP
Mizzima - News in Burmese
No comments:
Post a Comment