Monday, October 07, 2013

သံတွဲပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းကို RNDP လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာပြီး လွှတ်တော်သို့ တင်ပြမည်

Monday, October 7, 2013
စက်တင်ဘာလကုန်ပိုင်းနှင့်aအာက်တိုဘာလဆန်းပိုင်းအတွင်းဖြစ်ပွားခဲ့သောသံတွဲပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွား ရသည့် အကြောင်းရင်းများကိုရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) လွှတ်တော်ကိုယ်စားလှယ် များကကိုယ်တိုင်ကွင်းဆင်းလေ့လာမှုများပြုလုပ်ကာလွှတ်တော်သို့တင်ပြသွားမည်ဟုRNDPဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောကြားသည်။အဆိုပါ ကွင်းဆင်းလေ့လာမှုကို အောက်တိုဘာ ၇ ရက်တွင် စတင်သွား မည် ဖြစ်သည်။ သံတွဲ ပဋိပက္ခများကြောင့် ဖမ်းဆီးခဲ့သူ ၄၄ ဦး ရှိသည်ဟု အစိုးရ သတင်းစာ တွင် တွေ့ရှိရကြောင်း၊ ယင်းအထဲတွင် ၎င်းတို့ပါတီဝင် တစ်ဦးအပါအ၀င် ရခိုင်လူမျိုး ၃၆ ဦး ပါဝင်ကြောင်း၊ အဆိုပါအဖမ်းခံရသူများ၏မိသားစုများကိုသွားရောက်တွေ့ဆုံသွားရန်စီစဉ်ထားကြောင်း ဒေါက်တာအေးမောင် က ပြောကြားသည်။ "ကျွန်တော်တို့ ပါတီရုံးချုပ်မှာ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေခေါ်ပြီး လမ်းညွှန်ချက်ပေးမယ်။ ဒေသအခြေအနေ ကို စုံစမ်းမယ်။ ပြီးရင် အဖမ်းခံထိတဲ့ ပုဂ္ဂိုလ်တွေရဲ့ တစ်အိမ်တက်ဆင်း သွားစုံစမ်းမယ်။ ဘာကြောင့်ဖမ်းသ လဲ။ ၀ရမ်းပါသလား။ ဘာပုဒ်မနဲ့ စွပ်စွဲသလဲ။ ဘာတွေလုပ်ခဲ့လဲ။ တကယ်လုပ်ခဲ့လို့ ဒီလိုအရေးယူတာလား။ အုပ်ချုပ်ရေး အာဏာပိုင်တွေဟာ တရားစီရင်ရေးနှင့် ပတ်သက်လို့ လွှမ်းမိုးမှု ရှိသေးသလား။ တရားဥပဒေ စိုးမိုးမှုဟာတကယ်ရှိသလား။မရှိဘူးလား။ ဘာကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှေ့မှာဘာကြောင့် အကြမ်းဖက်မှု ဖြစ်သွားတာလဲ။ သူ့ရဲ့ရက်၊နာရီအလိုက်တစ်ခုချင်း၊တစ်ခုချင်းမှတ်တမ်းယူပြီးကာမှ အစိုးရ ကိုလည်းထောက်ပြမယ်။လွှတ်တော်မှာလည်းလိုအပ်ရင်တင်ပြမယ်"ဟု ဒေါက်တာအေးမောင်က ပြောကြား သည်။သမ္မတ ဦးသိန်းစိန် ခရီးစဉ်မှာ လုံခြုံရေးဖြင့် သွားရသည့်အတွက် အောက်ခြေအထိ မသိနိုင်ဘဲ ၎င်းတို့အနေဖြင့်မူ အောက်ခြေအရင်းအမြစ်အထိ ရှာဖွေသွားမည်ဖြစ်ကြောင်း၊ OIC နိုင်ငံခြားရေး ၀န်ကြီး များ လာမည်ဆိုသည့် ကာလ၊ မကြာမီ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကွင်တားနားက အစီရင်ခံစာတင်မည်ဆိုသည့်ကာလနှင့် ယခုပဋိပက္ခများ မည်သည့်အတွက်ကြောင့် တိုက်ဆိုင်နေသည် ဆိုသည်ကိုလည်း စုံစမ်းသွားမည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment

My Blog List