Tuesday, October 08, 2013

၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်းကို တောင်ကိုရီးယား ရှင်းလင်း

Tuesday, October 8, 2013
အစောပိုင်းက အမေရိကန်၏ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့တစ်ခုသည် တောင်ကိုရီး ယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်း ကို တောင်ကိုရီးယား ရှင်းလင်း၃ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် ရွှေ့ဆိုင်းလိုက်ခြင်း သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် မဟုတ်ဘဲ ရာသီဥတု အခြေအနေကြောင့် သာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစောပိုင်းက အမေရိကန်၏ နျူကလီး ယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့ တစ်ခုသည် တောင်ကိုရီးယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို မဟာမိတ် (၃)နိုင်ငံတို့၏ ရန်သူတော် မြောက်ကိုရီးယားက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အဆိုးရွားဆုံး အရေးယူ တိုက်ခိုက်မှုမျိုးအတွက် မိမိတို့ စဉ်းစားနေကြောင်း ခြိမ်းခြောက်ခဲ့သည်။ ယနေ့တွင် မူလ စီစဉ်ထားသကဲ့သို့ (၃)နိုင်ငံ ရေတပ်များ ပူးတွဲစစ်ရေးလေ့ ကျင့်မှု မပြုလုပ်ဖြစ် ခဲ့သော်လည်း ယင်းသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက် မှုနှင့် မသက်ဆိုင်ဘဲ တိုင်ဖွန်းမုန်တိုင်း ဒါနက်စ်ကြောင့် သာ ဖြစ်ကြောင်း ဆိုးလ်မှ စစ်ဘက် ထိပ်တန်း ပုဂ္ဂိုလ်များက ပြောဆိုခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ဆင်ရေး ဌာနကလည်း ဆိုင်းငံ့မှု အစီအစဉ်သည် ရက်များများ ကြာမြင့်ဖွယ် မရှိဟု မှတ်ချက်ပြုထားသည်။ "ဒီတစ်ပတ်ထဲမှာပဲ စီစဉ်ထားတဲ့ လေ့ကျင့်မှုတွေအတိုင်း လုပ်ဆောင်ဖြစ်ဖွယ် ရှိနေပါတယ်"ဟု ပူးတွဲစစ်ဆင်ရေး ဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်ယွန်ကျူက ပြောဆိုခဲ့သည်။
၎င်းက "ကျွန်တော်တို့ဟာ ရာသီဥတု အခြေအနေကို နီးနီးကပ်ကပ် စောင့် ကြည့် လေ့လာပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို ဆီလျော်အောင် လုပ်ဆောင်နေတာပါ"ဟုလည်း ဆိုသည်။ တောင်ကိုရီးယား မိုးလေဝသ ဌာနက တိုင်ဖွန်း ဒါနက်စ်သည် အလယ်အလတ် ပြင်းအားမျှ ရှိနေကြောင်း သုံးသပ်ထားသည်။ (၃)နိုင်ငံ စစ်ရေးလေ့ကျင့်မှု အထမမြောက်သေးသော် လည်း ဂျပန်အနောက်ဘက် ရေလက်ကြားတွင်မူ အမေရိကန် မရိန်းတပ်ဖွဲ့များနှင့် ဂျပန် ကာကွယ်ရေး ရေတပ်တို့သည် MV-22 Osprey ရဟတ်ယာဉ်ကြီးများကို အသုံးပြုကာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။ Ospreyများသည် လုံခြုံရေး မှတ်တမ်းအရ ရလဒ်အကောင်းဆုံး မရှိခဲ့ဘဲ လူတစ်ဦး သေဆုံးသည့် ပျက်ကျမှုမျိုးပါ ဖြစ်ပေါ်ခဲ့ဖူးခြင်းကြောင့် ဂျပန်တောင်ပိုင်း၊ အိုကီနာဝါတွင် ယင်းရဟတ်ယာဉ်ကြီးများ အခြေစိုက်မှုအပေါ် ဂျပန်ပြည်သူများက ဝေဖန် လျှက်ရှိသည်။

Photo: ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်းကို တောင်ကိုရီးယား ရှင်းလင်း
Tuesday, October 8, 2013

အစောပိုင်းက အမေရိကန်၏ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့တစ်ခုသည် တောင်ကိုရီး ယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။

၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားရခြင်းကို တောင်ကိုရီးယား ရှင်းလင်း
၃ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် ရွှေ့ဆိုင်းလိုက်ခြင်း သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် မဟုတ်ဘဲ ရာသီဥတု အခြေအနေကြောင့်သာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစောပိုင်းက အမေရိကန်၏ နျူကလီး ယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပါဝင်သော ပစိဖိတ် ရေတပ်ဖွဲ့ တစ်ခုသည် တောင်ကိုရီးယား ရေတပ်၊ ဂျပန် ကာကွယ်ရေး ရေတပ်ဖွဲ့တို့မှ တိုက်သင်္ဘောများနှင့် ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ် အနီးရှိ ရေပြင်တွင် အောက်တိုဘာ (၈)ရက်မှ (၁၀)ရက်နေ့ထိ စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို မဟာမိတ် (၃)နိုင်ငံတို့၏ ရန်သူတော် မြောက်ကိုရီးယားက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အဆိုးရွားဆုံး အရေးယူ တိုက်ခိုက်မှုမျိုးအတွက် မိမိတို့ စဉ်းစားနေကြောင်း ခြိမ်းခြောက်ခဲ့သည်။

ယနေ့တွင် မူလ စီစဉ်ထားသကဲ့သို့ (၃)နိုင်ငံ ရေတပ်များ ပူးတွဲစစ်ရေးလေ့ ကျင့်မှု မပြုလုပ်ဖြစ်ခဲ့သော်လည်း ယင်းသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက် မှုနှင့် မသက်ဆိုင်ဘဲ တိုင်ဖွန်းမုန်တိုင်း ဒါနက်စ်ကြောင့် သာ ဖြစ်ကြောင်း ဆိုးလ်မှ စစ်ဘက် ထိပ်တန်း ပုဂ္ဂိုလ်များက ပြောဆိုခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ဆင်ရေး ဌာနကလည်း ဆိုင်းငံ့မှု အစီအစဉ်သည် ရက်များများ ကြာမြင့်ဖွယ် မရှိဟု မှတ်ချက်ပြုထားသည်။ "ဒီတစ်ပတ်ထဲမှာပဲ စီစဉ်ထားတဲ့ လေ့ကျင့်မှုတွေအတိုင်း လုပ်ဆောင်ဖြစ်ဖွယ် ရှိနေပါတယ်"ဟု ပူးတွဲစစ်ဆင်ရေး ဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်ယွန်ကျူက ပြောဆိုခဲ့သည်။

၎င်းက "ကျွန်တော်တို့ဟာ ရာသီဥတု အခြေအနေကို နီးနီးကပ်ကပ် စောင့် ကြည့် လေ့လာပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို ဆီလျော်အောင် လုပ်ဆောင်နေတာပါ"ဟုလည်း ဆိုသည်။ တောင်ကိုရီးယား မိုးလေဝသ ဌာနက တိုင်ဖွန်း ဒါနက်စ်သည် အလယ်အလတ် ပြင်းအားမျှ ရှိနေကြောင်း သုံးသပ်ထားသည်။ (၃)နိုင်ငံ စစ်ရေးလေ့ကျင့်မှု အထမမြောက်သေးသော် လည်း ဂျပန်အနောက်ဘက် ရေလက်ကြားတွင်မူ အမေရိကန် မရိန်းတပ်ဖွဲ့များနှင့် ဂျပန် ကာကွယ်ရေး ရေတပ်တို့သည် MV-22 Osprey ရဟတ်ယာဉ်ကြီးများကို အသုံးပြုကာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။ Ospreyများသည် လုံခြုံရေး မှတ်တမ်းအရ ရလဒ်အကောင်းဆုံး မရှိခဲ့ဘဲ လူတစ်ဦး သေဆုံးသည့် ပျက်ကျမှုမျိုးပါ ဖြစ်ပေါ်ခဲ့ဖူးခြင်းကြောင့် ဂျပန်တောင်ပိုင်း၊ အိုကီနာဝါတွင် ယင်းရဟတ်ယာဉ်ကြီးများ အခြေစိုက်မှုအပေါ် ဂျပန်ပြည်သူများက ဝေဖန် လျှက်ရှိသည်။ 

Planet Myanmar Network Planet Myanmar Network

No comments:

Post a Comment

My Blog List