Thursday, October 10, 2013

ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများနှင့် ချုပ်ဆိုသည့်စာချုပ်များ ပြန်ပြင်ချုပ်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနဆို

Thursday, October 10, 2013
တပ်မတော်အစိုးရ လက်ထက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရွှေသံလွင်၊ Forever Group စသည့် ပုဂ္ဂလိက ရုပ်သံကုမ္ပဏီ များအကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ် များကို ပြန်လည်သုံးသပ် စိစစ်၍ ပြင်ဆင် ချုပ်ဆိုမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေး မှူးချုပ် ဦးတင့်ဆွေက ပြောကြား သည်။

အောက်တိုဘာလ ၈ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလ င်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ယခင်က တစ်ကြိမ်တစ်ခါမျှ ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများကို ရုပ်သံထုတ်လွှင့်ခွင့် မပြုခဲ့ဖူး သည့်အတွက် စာ ချုပ်ချုပ်ဆိုရာတွင် လိုအပ်ချက်များ ရှိနိုင်ပြီး ယင်းအချက်များကို ရုပ်သံလွှင့် အုပ်ချုပ်မှုအဖွဲ့ Broadcast Go verning Body ၊ BGB က ပြန်လည် သုံးသပ်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

"စာချုပ်တွေ ပြန်ပြီးသုံးသပ်နေတာ။ ၂၀၁၃ ခုနှစ်အတွင်းမှာ ဒါနဲ့ပတ်သက်တဲ့ သုံးသပ်ချက် ထွက်မှာပါ" ဟု ဦးတင့်ဆွေက ဆိုသည်။ သို့သော် မည်သည့်အချိန်တွင် စာချုပ်ပြင်ဆင် ချုပ်ဆိုမည် ဆိုသည့် မေးခွန်းကိုမူ အတိအကျ ဖြေကြားခြင်း မရှိပေ။

ပြန်ကြားရေးဝန်ကြီးဌာနက စာချုပ် ပြင်ဆင်ချုပ်ဆိုရန် ပြောဆိုမှုနှင့် ပတ်သက်ပြီး မသိရှိရသေးဘဲ အကယ် ၍ယင်းသို့ ဆောင်ရွက်မည်ဆိုပါကဝန်ကြီးဌာန၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းေ
ရွှသံလွင်ကုမ္ပဏီ (Skynet ရုပ်သံ) မှ အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

"ကျွန်တော်တို့ အဲဒါတွေတစ်ခုမှ မသိသေးဘူး" ဟု ၄င်းကဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ချုပ်ဆိုထားသည့် စာချုပ်များအရ Forever Group ကုမ္ပဏီကို ၂၀၀၄ ခုနှစ်မှစ တင်ကာ လုပ်ပိုင်ခွင့် ၁၂ နှစ် ခွင့်ပြုထားပြီး ၂၀၁၆ ခုနှစ်တွင်သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီကိုမူ ၂၀၁၀ ပြည့်နှစ်မှ စတင်စာချုပ်ကာ နှစ်ပေါင်း ၃၃ နှစ် လုပ်ကိုင်ခွင့်ပြုထားပြီး ပထမ သုံးနှစ်တွင် အခွန်အခနှင့် အကျိုးအမြတ် လုံးဝ ပေးဆောင်ရန်မလိုကြောင်း ဦးတင့်ဆွေက ရှင်းပြသည်။

ထို့ပြင် FM အသံလွှင့်ကုမ္ပဏီများနှင့် ချုပ်ဆိုသည့် စာချုပ်များအရ လုပ်ကိုင်ခွင့် နှစ်ပေါင်း ၃၀ နှင့်အထက် အသီးသီး ခွင့်ပြုထားကြောင်း ၄င်းက ဆက်လက်ပြောကြား သည်။

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရုပ်သံကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်း သ ည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ၊ ၁၉၉၆ ခုနှစ်တွင် ပြဋ္ဌာန်းသည့် ရုပ်မြင်သံကြားနှင့် ရေဒီယိုဥပဒေ တို့နှင့်အညီ ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ရှင်းပြသ ည်။

Forever Group ကုမ္ပဏီက စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘ ဏ္ဍာနှစ်အထိ ငွေကျပ် ၁၀,၈၆၉ သန်းကို နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းခဲ့ပြီး ရွှေသံလွှင် ကုမ္ပဏီမှာမူ ခွင့်ြ ပုကင်းလွတ်ခွင့် ဇူလိုင်လတွင် ပြည့်မြောက်ပြီ ဖြစ်၍ စတင် ငွေပေးသွင်းရန် တွက်ချက်မှုများ ပြုလုပ်နေေြ ကာင်း ဦးတင့်ဆွေက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List