Thursday, October 10, 2013

ဖြူးစာတိုက်အနီး ခရီးသည်တင်ယာဉ်ပေါ်မှ ဗုံးတစ်လုံးတွေ့ရှိ

Thursday, October 10, 2013
ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့မှ ဖြူးမြို့သို့ထွက်ခွာလာသော ခရီးသည်တင် ယာဉ်ငယ်ပေါ် တွင် ယနေ့နံနက် ၁ဝ နာရီခန့်က အသက် သွင်းထားသည့် ဗုံးတစ်လုံးတွေ့ရှိ ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ က အန္တရာယ်ကင်းစွာ ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်က ယာဉ်မောင်း ဦးစိုးဝင်း(၄၅ နှစ်) ယာဉ်နောက်လိုက် ချစ်ကိုတို့ လိုက်ပါ သည့် အောင်ဇေယျာဟိန်း ၈စ/...လိုက်ထရပ်ယာဉ်သည် နံနက်၁ဝ ခန့် တွင် ဖြူးမြို့စာ တိုက်အနီး ကားဂိတ် ရောက်ရှိခဲ့ရာ ခရီးသည်များ ဆင်းသွား ခဲ့ပြီးနောက် ယာဉ်နောက်လိုက် ချစ်ကို က ယာဉ်ပေါ်တွင် မသင်္ကာဖွယ်အထုပ် တစ်ထုပ်ကိုတွေ့ရှိ၍ ဖြူးမြို့မရဲစခန်း သို့သတင်းပို့ခဲ့သည်။

ထို့နောက် ဖြူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၊ စခန်းမှူး ဒုတိယရဲမှူး ကျော်ဝင်းနှင့် တပ်ဖွဲ့ ဝင်များ၊ နယ်မြေခံတပ်ဖွဲ့တို့ ပူးပေါင်း၍ အဆိုပါအထုပ်ကို သဲအိတ် ပီပါခွံများ ကာရံ၍ စစ်ဆေးခဲ့ရာတွင် ဃ-၄ ယမ်းပြင်းအပေါ့အမျိုးအစား ဖြစ်ကာဓာတ်ခဲတပ်ဆင်ထားသည့်နာရီမှအသံမြည်လျက်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။
အဆိုပါ အသက်သွင်းထားသော ဗုံးအား စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများ က အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

My Blog List