Friday, October 11, 2013

နယ်မြေပိုင်ဆိုင်မှုကိစ္စမှာ ဂျပန်နဲ့ကန် ၀င်မရှုပ်ဖို့ တရုတ် သတိပေး

Friday, October 11, 2013
တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ အမေရိ ကန်နိုင်ငံတို့အနေနဲ့ ပါဝင်ပတ်သက်မှုတွေမလုပ်ကြဖို့ တရုတ်နိုင်ငံက သတိပေးပြောကြား လိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ တောင်တရုတ်ပင်ပြင်က နယ်မြေပိုင်မှုအငြင်း ပွား နေတဲ့ကိစ္စကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့ကြတာဖြစ်သလို တိုက်ရိုက် ပါဝင် ပတ်သက်တဲ့ နိုင်ငံအချင်းချင်းက တနိုင်ငံချင်းဆီအနေနဲ့သာ ညှိနှိုင်းကြဖို့ သဘောတူခဲ့ကြတာဖြစ်တဲ့အ တွက် ပတ်သက်မှုမရှိတဲ့ နိုင်ငံတွေအနေနဲ့ ဒီကိစ္စမှာ မပါဝင်သင့်ဘူးလို့ တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က မနေ့က ဘရူနှိုင်း နိုင်ငံမှာပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ-အာဆီယံအသင်း စည်းဝေး ပွဲ အတွင်း မှာ ပြောလိုက်တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Shinzo Abe ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့နိုင်ငံတွေအနေနဲ့ နိုင်ငံတကာရဲ့ ဥပဒေကို လိုက်နာကြရမှာဖြစ်သလို အတင်းအဓ္ဓမ တဖက်သတ်လုပ်ဆောင်ချက်တွေကိုလည်း ရှောင်ကြည် ရ မှာဖြစ်တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် တရုတ်နိုင်ငံဟာ ဒီနယ်မြေအငြင်းပွား မှု ကိစ္စမှာ ပိုမိုအတင့်ရဲလာတာဖြစ်လို့ ဂျပန် ၀န်ကြီးချုပ် ကပြောပါတယ်။ အမေရိကန်နိုင်ငံ သမ္မတ Barack Obama ရဲ့ ကိုယ်စား စည်းဝေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က လည်း တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုဖြစ်နေတဲ့နိုင်ငံသာမက အငြင်းပွားမှုမှာ မပါဝင်တဲ့နိုင်ငံတွေရဲ့ထင်မြင် ချက် အသံတွေကို လည်းနားထောင်ရမှာဖြစ်ပြီး အကြောင်းကတော့ မပါဝင်တဲ့နိုင်ငံတွေ အနေနဲ့ကလည်း တည်ငြိမ်အေးချမ်းမှုနဲ့ လွတ်လပ်မှုကို လိုလားနေကြလို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang ကတော့ တောင်တရုတ်ပင်လယ်ပြင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စဟာ အာဆီယံ စည်းဝေးပွဲအတွင်း ဆွေးနွေးရမယ့် အကြောင်းအရာတခုအဖြစ် ဘယ်တုန်းကမှမဖြစ်ခဲ့သလို ဘယ်တော့မှလဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်နယ်မြေပိုင်ဆိုင်မှုမှာ ပါဝင်တဲ့နိုင်ငံတွေကတော့ တရုတ်၊ မလေးရှား၊ ဖိလိပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။
ABC Radio Australia

No comments:

Post a Comment

My Blog List