Thursday, October 10, 2013

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးဖြစ်ရေး အပါအဝင် အချက်ခြောက်ချက် လိုက်လျောလျှင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဒေသခံများ လက်ခံမည်

Thursday, October 10, 2013
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရေး အပါအဝင် အချက်ခြောက် ချက်ကို လိုက်လျောလျှင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် အစီအစဉ်ကို လက်ခံမည် ဖြစ်ကြောင်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ယာယီ ကော်မတီ က ကြေညာ ချက် တစ်စောင်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ကျောက်ဖြူမြို့နယ် ကျေးရွာပေါင်း ၄၂ ရွာမှ ဒေသခံ ၄၀၀ ကျော်ဖြင့် အောက်တိုဘာလ ၈ ရက်နေ့ က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ယာယီကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောကြားသည်။
တောင်းဆိုသည့်အချက် ခြောက်ချက်မှာ သဘာဝပတ်ဝန်းကျင် ကိစ္စအပြင် ဌာနေ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေး များကို ပေးရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် လူငယ်များကို အသက်မွေးဝမ်းကျောင်း ပညာကျောင်းများ ဖွင့်လှစ် သင်ကြားပေးရန်၊ စီးပွားရေးဇုန်ကြောင့် ဆုံးရှုံး ပျက်စီးမှုများကို ဒေသခံများနှင့် ညှိနှိုင်းကာ နစ်နာကြေးပေးရန်၊ ပြည်ပ ဝင်လာသူများသည် ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကိုaလးစားရန်၊အရပ်ဘက်လူ့အဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားသည့် စောင့်ကြည့်ရေး ကော် မတီကိုအထူးစီးပွားရေးဇုန် စီမံခန့်ရေးကော်မတီက အသိအမှတ် ပြုရမည် ဖြစ်ပြီး စောင့် ကြည့်ရေး ကော် မတီ၏ တင်ပြချက်များကိုလည်း စစ်ဆေးပေးရန် အချက်များ ဖြစ်သည်။
“စီးပွားရေးဇုန်က စွန့်ပစ်ပစ္စည်းတွေကြောင့် ရေအရင်းအမြစ်တွေ ပျက်စီးတယ် ဆိုရင်တော့ လက်မခံဘူး” ဟု သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးဆိုသည့် အချက်နှင့်အပေါ် ဦးထွန်းကြည်က ရှင်းပြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးနှင့် ဒေသခံများ အလုပ်အ ကိုင်ရရှိအောင်အကောင်အထည် ဖော်မည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကိုသာ ခွင့်ပြုသွား မည် ဖြစ်ကြောင်း အဆိုပါ စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက တရားဝင် ပြောဆိုထား သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာကို ဧက ၁၀၀၀ လျာထားပြီး ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၇၇ သန်း လျာထားကြောင်း အဆိုပါ စီးပွားရေးဇုန် တင်ဒါစိစစ် အကဲဖြတ် ရွေးချယ်ရေး ကော်မတီ (BEAC) ထံမှ သိရှိရသည်။
အဆိုပါ စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် တင်ဒါတင်ထားသည့် အကြံပေး ကုမ္ပဏီများအနက် တင်ဒါအောင် မြင်သည့် ကုမ္ပဏီများကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း BEAC ထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List