အာဂျင်တီးနား အမျိုးသမီး သမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ်ကို ဆေးကုသမှု ပေးနေသော ဆရာဝန်များက ၎င်း၏ဦးနှောက် အမြှေးတွင် သွေးခဲလေးတစ်ခုကို တွေ့ရှိခဲ့သောကြောင့် တစ်လခန့် အနားယူရန် ညွှန်ကြားခဲ့ကြောင်း အာဂျင်တီးနား သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ဖရဒ် ဒိုစကော့စီ မာရိုက အောက်တိုဘာ ၅ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ထိုသို့ ဦးနှောက်အမြှေးတွင် သွေးခဲမှုသည် အာဂျင်တီးနား သမ္မတ၏ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဦးခေါင်း ဒဏ်ရာရရှိစေခဲ့သည့် မတော်တဆမှုနှင့် ဆက်နွှယ်နေကြောင်း ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။ အသက် ၆ဝ နှစ် ရှိပြီဖြစ်သော အာဂျင်တီးနား သမ္မတ တွင် ကင်ဆာရောဂါ ဖြစ်ပွားနေကြောင်း ဆရာဝန်များက စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ၎င်း၏ ခန္ဓာကိုယ် အတွင်းရှိ သိုင်းရွိုက်အကျိတ်များကို ၂ဝ၁၂ ခုနှစ်က ဖယ်ရှားခဲ့ကြောင်းနှင့် ဦးနှောက်အမြှေး တွင်သွေးခဲနေမှုကို ကျန်းမာရေးပုံမှန် ဆေးစစ် ချက်ပြုလုပ်ရာမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment