Friday, October 11, 2013

နိုင်ငံရေးအခြေခံများ သင်ကြားပေးသည့် လူငယ်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာသင်တန်း တောင်ကြီးတွင် တစ်လကျော် သင်ကြား

Friday, October 11, 2013
နိုင်ငံရေးအခြေခံများ သင်ကြားပေးသည့် “လူငယ်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပညာပေးသင်တန်း” ကို တောင်ကြီးတွင် တစ်လကြာ သင်တန်းပေးခဲ့ပြီး ယင်းသင်တန်းကို ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့မှ ဦးစီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ခွန်ခေတ်စံက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ယင်းသင်တန်းကို စက်တင်ဘာမှ အောက်တိုဘာအထိ တစ်လသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းပေးခြင်းနှင့် ပတ်သက်ပြီး ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့မှ ခွန်ခေတ်စံက “သင်တန်းကာလတုန်းက လူငယ်တွေကို အဓိက ဆွေးနွေးပေးတာကတော့ လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအနေအထားတွေ သုံးသပ်တယ်။ ဒီမိုကရေစီနဲ့ နိုင်ငံရေးအခြေခံတွေ လူငယ်တွေ နားလည်အောင်ရှင်းပြတယ်။ ပြီးတော့ လူ့အခွင့်အရေး ပိုင်းဆိုင်ရာတွေ၊ ရွေးကောက်ပွဲစနစ်တွေကို သုံးသပ်ပြခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။ အဆိုပါ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၉ ရက်တွင်ကျင်းပခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သည့် တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် ခွန်အောင်က “ကျွန်တော်တို့ သည်သင်တန်းတက်ရတာ မဲပေးစနစ်တွေ၊ အခြေခံလူ့ အခွင့်အရေးတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ အများကြီး ရပါတယ်”ဟု ပြောသည်။
အဆိုပါ သင်တန်းကို တောင်ကြီးမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသား လူငယ်များ၊ တောင်ရိုးတိုင်းရင်းသား လူငယ်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List