Monday, October 07, 2013

ရက်အနည်းငယ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မည်

Monday, October 7, 2013
ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာမည့် 90W သည် အောက်တိုဘာလ(၁ဝ) ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များ၌ ဖေါ်ပြထားပါသည်။ ဤ အချိန်တွင် မုန်တိုင်းသည် ကိုကိုးကျွန်းပေါ်မှ ဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားမည် ဖြစ်ရာ မုန်တိုင်း ကိုကိုးကျွန်းအား ဖြတ်ကျော်စဉ် မုန်တိုင်း အရွယ်အစားနှင့် အင်အားတို့ကြောင့် ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်းတို့တွင် အဖျားခတ်နိုင်မည့် အခြေအနေရှိပါသည်။

Photo: ရက်အနည်းငယ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မည်
Monday, October 7, 2013

ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာမည့် 90W သည် အောက်တိုဘာလ(၁ဝ) ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များ၌ ဖေါ်ပြထားပါသည်။ ဤ အချိန်တွင် မုန်တိုင်းသည် ကိုကိုးကျွန်းပေါ်မှ ဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားမည် ဖြစ်ရာ မုန်တိုင်း ကိုကိုးကျွန်းအား ဖြတ်ကျော်စဉ် မုန်တိုင်း အရွယ်အစားနှင့် အင်အားတို့ကြောင့် ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်းတို့တွင် အဖျားခတ်နိုင်မည့် အခြေအနေရှိပါသည်။
(ပုံ တွင်ကြည့်ပါ)

ယနေ့ အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် နံနက်ပိုင်းတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းချက် ဖြစ်သဖြင့် အပြောင်းအလဲ အနည်းငယ်သာ ရှိနိုင်ပြီး အပြည်ပြည်ဆိုင်ရာ မိုးလေဝသ ဌာနများဖြစ်သော JTWC နှင့် TSR တို့မှ သတိပေးထုတ်ပြန်ချက်များ ရရှိသည့်အခါ မုန်တိုင်းလမ်းကြောင်း အင်အား စသည်တို့ကို အတည်ပြုပေးနိုင်မည် ဖြစ်ပါသည်။ မုန်တိုင်း ဖြတ်သန်းမည့် လမ်းကြောင်းနှင့် အဖျားခတ် ခံရနိုင်မည့် ဒေသများမှ ပင်လယ်ပြင် ရေလုပ်ငန်း လုပ်ကိုင်နေကြသူများ၊ ကမ်းရိုးတန်း ခရီးသွားသင်္ဘောများနှင့် ငါးဖမ်းလှေများအနေဖြင့် ကြိုတင် သိရှိ ရှောင်ရှားနိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။

မုန်တိုင်း ဖြစ်ပေါ်လာမည့် အခြေအနေနှင့် တည်နေရာ လမ်းကြောင်း update များကို ဤ post တွင် ဆက်လက် ဖေါ်ပြပေးသွားပါမည်။

MMweather Page (ပုံ တွင်ကြည့်ပါ)

MMweather Page

No comments:

Post a Comment

My Blog List