Monday, October 07, 2013

နီဆန်း ကားစက်ရုံတွင် ကုန်ထုတ်လုပ် သူများအား ပြည်တွင်းလုပ်သား ရာနှုန်းပြည့် ခန့်ထားမည် ဟုဆို

Monday, October 7, 2013
ပထမဦးဆုံး ကားထုတ်လုပ်ခွင့် ရရှိထားသည့် ကမ္ဘာ့အဆင့် ကုမ္ပဏီဖြစ်သော Nissan နှင့် Tan Chong အနေဖြင့် CKD ခွင့်ပြုချက် ရရှိထားပြီး၊ ၂၀၁၅ ခုနှစ်တွင် ပဲခူးတိုင်း ဒေသကြီးတွင် ပထမဦးဆုံး စတင်မည့် စက်ရုံတွင် ဝန်ထမ်းဦးရေ (၃၀၀) ကျော်ကို ရာနှုန်းပြည့် မြန်မာ အလုပ်သမားများ ကိုသာ ခန့်အပ်ထားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။ဧက ၈၀ (၃၂၄,၀၀၀) စတုရန်းမီတာရှိသော နောက်ဆုံးပေါ် အဆင့်မြင့်စက်မှု အဆောက်အအုံအား လာမည့် ၂၀၁၅ တွင် ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန်တွင် တည်ဆောက်သွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ကုမ္ပဏီတာဝန်ရှိ သူတို့က ရှင်းလင်းပြောကြားခဲ့ရာ သတင်းစာ ရှင်းလင်းပွဲအပြီးနောက် အင်တာနက်ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုကို “ထုတ်လုပ်ရေး လုပ်သား (၃၀၀) ကို ရာနှုန်းပြည့် မြန်မာလုပ်သားတွေပဲ ခန့်အပ်သွားမှာပါ။ နောင်နှစ်တွင်လည်း အလားတူပဲပေါ့။ Nissan ကားတွေကို ပြည်တွင်းမှာပဲ ဆောက် လုပ်ပြီး ပြည်တွင်း မှာရှိတဲ့မြန်မာပြည်သူတွေကိုပဲ ရောင်းချသွားမှာပါ” ဟုပြန်လည် ဖြေကြားခဲ့သည်။ Tan Chong Croup အနေဖြင့် နီဆန်းမော်တော်ကားများအား ဖြန့်ဖြူးရောင်းချခွင့်ကို မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် တစ်ဦးတည်း ကိုယ်စားလှယ် ရရှိထားသော လုပ်ငန်းစုလည်း ဖြစ်သည်။
Internet Journal

No comments:

Post a Comment

My Blog List