Tuesday, October 08, 2013

ဒီဇင်ဘာတွင် အိန်္ဒိယနှင့်ပူးပေါင်းဖွင့်လှစ်မည့် သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်အတွက် မြေနေရာမရသေး

Tuesday, October 8, 2013
မြန်မာနိုင်ငံနှင့် အိန်္ဒိယနိုင်ငံပူးပေါင်းဖွင့်လှစ်သင်ကြားမည့် သတင်းအချက်အလက် နှင့်နည်းပညာ တက္ကသိုလ် ကို လာမည့်ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားရန်လျာထားသော်လည်း ကျောင်းဆောက် လုပ်မည့် မြေနေရာကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့လွှဲပြောင်း ပေးခြင်း မရှိသေးဟု သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြော သည်။
၎င်းက အောက်တိုဘာ ၄ ရက်တွင် ပြည်တွင်းသတင်းထောက်များနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ၌ တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်
သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ် (Myanmar Institute and Infor- mation Technology) ကို မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ အိနိ္ဒယမှ တက္ကသိုလ်ဆရာ၊ ဆရာမများက လာရောက်သင်ကြားပေးမည် ဖြစ်သည်။ ဒေါက်တာကိုကိုဦးက “ ကျောင်းဆောက်မယ့်မြေနေရာကို ဒေသဆိုင်ရာအစိုးရအဖွဲ့က သိပံ္ပနဲ့နည်းပညာ ၀န်ကြီးဌာနသို့လွှဲတဲ့နေ့ကို စောင့်နေတာ။ ကျောင်းဆောက်မယ့် ဆောက်လုပ်ရေးကုမ္ပဏီတွေလည်း ရွေးပြီးပြီ။ အမြန်ဆုံး ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
အဆိုပါသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်ကို လာမည့်ဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ် သင်ကြားနိုင် ရန် စီစဉ်ထားသော်လည်း ကျောင်းဆောက်လုပ်ရန် လျာထားသည့်မြေနေရာ မရရှိသေး သည့်အတွက် အခြားနေရာ တစ်ခုတွင် ယာယီသင်ကြားနိုင်ရန် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်သည်ဟု လည်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒေါက်တာစိုင်းကျော်နိုင်က ပြောသည်။
ဒေါက်တာစိုင်းကျော်နိုင်က “အစက ဒီဇင်ဘာလမှာ စတင်သင်ကြားနိုင်ဖို့ စီစဉ်ထားတယ်။ အခုက ကျောင်းဆောက်လုပ်ဖို့ မြေနေရာမရသေးတော့ တခြားနေရာတစ်ခုမှာ ယာယီသင်ကြားနိုင်ဖို့ စဉ်းစားနေတယ်။ အဲဒီ နေရာကို လည်း အိနိ္ဒယတက္ကသိုလ်ဘက်ကို အကြောင်းပြန်ပြီး ဟိုဘက်ကခွင့်ပြုရင် ဖွင့်လှစ် သင်ကြားသွားမယ်”ဟု မဇ္ဈိမကိုပြော သည်။
အဆိုပါတက္ကသိုလ်မှာ မြန်မာနှင့်အိနိ္ဒယ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာအစိုးရက ကျောင်းဆောက် လုပ်ရမည်ဖြစ်ပြီး အိန်္ဒိယအစိုးရဘက်မှ သင်ကြားရေး၊ သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ပါမောက္ခတစ်ဦးက “ဒီကျောင်းမှာတော့ အိန်္ဒိယဘက်ကဆရာတွေ လာသင်ပေးလိမ့် မယ်။ ဒါပေမဲ့ ဒီဘက်က အရည်အချင်းရှိတဲ့သူတွေကို အရင်ဆုံးအိနိ္ဒယဘက် ကို ခြောက်လ လောက် သင်တန်းသွား တက်ခိုင်းမယ်။ အိန်္ဒိယဘက်မှဆရာတွေက ၉၀ ရာခိုင်နှုန်း နဲ့ မြန်မာနိုင် ငံ မှ ဆရာတွေက ၁၀ ရာခိုင်နှုန်းလောက်နဲ့ တွဲဖက်ပြီးသင်ကြားပေးနိုင်ဖို့တော့ စီစဉ်နေတယ်”ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်ကို နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တစ်ခု ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်နေသည်ဟုလည်း ၎င်းကဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List