Monday, October 07, 2013

ရုရှားနှင့် ယူကရိန်း နိုင်ငံ နယ်စပ်တွင် နိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်ထားသူ အမျိုးသား တစ်ဦး အသေခံ ဗုံးခွဲ

Monday, October 7, 2013
 ရုရှား နိုင်ငံနှင့် ယူကရိန်း နိုင်ငံကြားရှိ နယ်စပ် ဒေသတစ်ခုတွင် နိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်ထားသော အမည်မသိ အမျိုးသား တစ်ဦးသည် အောက်တိုဘာ ၄ ရက် အစော ပိုင်းက အသေခံဗုံးခွဲ ခဲ့မှုကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များစွာ ဒဏ်ရာအပြင်း အထန် ရရှိ ခဲ့ကြောင်း ယူကရိန်း နိုင်ငံမှ နယ်ခြား စောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အဆိုပါ အမျိုးသားအား Bachevsk နယ်စပ် ဒေသကို ဖြတ်၍ ရုရှားနိုင်ငံမှ ယူကရိန်း နိုင်ငံသို့ သွားရောက်မည့်၊ မီနီဘတ်စ် တစ်စီးပေါ်တွင် တွေ့ရှိ ခဲ့ပြီးနောက် ၎င်းသည် ရုရှား နိုင်ငံကူး လက်မှတ်တစ်ခု ပြသပြီးနောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် စုံစမ်း စစ်ဆေးမှု ပြုလုပ်နေစဉ် ၎င်းက အသေခံဗုံးခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ၏ အကြံပေး တစ်ဦးဖြစ်သူ ဆာဂျီအက်စ် တက်ဟို့ဗ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက် ပြုလုပ်နေစဉ် အတွင်း စစ်ဆေးရေး ဂိတ်ကို ပိတ်ထားခဲ့၍ ရုရှား-ယူကရိန်း နယ်စပ် ဒေသအတွင်း လုံခြုံရေး ဆိုင်ရာ သတိ ပေးချက် ထုတ်ပြန် ခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:

Post a Comment

My Blog List