Monday, October 07, 2013

ဘတ်ဂျက်ကြောင့် ဌာနဆိုင်ရာကားဟောင်းများ သံရည်ကျိုစက်ပို့

Monday, October 7, 2013
မှတ်ပုံတင်သက်တမ်းနှစ်၂၀ ကျော်သောမော်တော်ယာဉ်များ အား ဖျက်သိမ်းအပ်နှံစေပြီး၊ အစားထိုးတင်သွင်းခြင်းစီမံချက် အား၂၀၁၁ခုနှစ်စက်တင်ဘာလ ၁၁ရက်နေ့မှစတင်ကာဆောင်ရွက် ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ သက်တမ်းနှစ် ၂၀ကျော်ရှိသောယာဉ်အိုယာဉ် ဟောင်းများအားနိုင်ငံတော်အဆင့် မှ အစားထိုးတင်သွင်းခြင်းစီမံချက် များပြုလုပ်နေသော်လည်း၊၀န်ကြီး ဌာနအသီးသီးတွင်နှစ်၂၀အထက် ရှိသော မော်တော်ယာဉ်ပေါင်း (၂၅၅၃၃)စီးရှိကြောင်းလေ့လာသိရှိရသည်။““ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများမှာလက်ရှိမော် တော် ယာဉ်အစီးရေမှာ ၄၀၆၆၉ ရှိပါတယ်။ ဒါပေမယ့်နှစ်၂၀အ ထက်ရှိတဲ့ယာဉ်တွေက(၂၅၅၃၃)ရှိ ပါတယ်။ဒါတွေကိုအစားထိုးတင် သွင်းမယ်ဆိုရင်နိုင်ငံတော်ဘတ်ဂျက် အများကြီးကုန်ကျမှာပါ””ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေး ကပြောသည်။ယင်းသို့ယာဉ်အစားထိုးတင် သွင်းရာ၌၊နိုင်ငံတော်ဘတ်ဂျက် မြာက် များစွာကုန်ကျ နိုင်သည့်အတွက်၊ ၀န်ကြီးဌာနအချို့၏ ကားများအား သံရည်ကျိုစက်သို့ ပို့ဆောင်နေရ ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကထပ်လောင်းပြောကြား သည်။ ““ယာဉ်အစားထိုးတင်သွင်းတယ် ဆိုတာနိုင်ငံတော်ရဲ့ဓနအင်အား လုပ်ငန်းဦးစားပေးအပေါ်မှာမူတည် ပါတယ်။ ဒါကြောင့်လက်ရှိအခြေ အနေမှာအစိုးရဌာနရုံးတွေရဲ့ပြုပြင် သုံးစွဲလို့ရတဲ့မော်တော်ယာဉ်တွေ ကို ပြန်လည်ပြုပြင်လို့ရတယ်ပြု ပြင်ပြီးသုံးစွဲပါတယ်၊ ပြန်လည်ပြု ပြင်လို့မရတာတွေကို သံရည်ကျို စက် ကို ပို့ပါတယ်””ဟုဦးသန်းဌေးက ပြောသည်။
The Hot News Weekly.

No comments:

Post a Comment

My Blog List