Monday, October 07, 2013

ဗီယက်နမ်နှင့် ရုရှား စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ပိုမို တိုးမြှင့်မည်

Monday, October 7, 2013

ဗီယက်နမ် နိုင်ငံနှင့် ရုရှားနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ကဏ္ဍ
ရပ် တစ်ခုဖြစ်သော စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုကိုပိုမိုတိုးမြှင့်ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဇွန်းက ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ရုရှားနိုင်ငံ Gazprom ကုမ္ပဏီ အလုပ်အမှုဆောင် အရာရှိချုပ် အဲလက်စ်ဆီ မေလာနှင့်အောက်တိုဘာ ၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ဗီယက်နမ်နိုင်ငံ အနေဖြင့် Gazprom ကုမ္ပဏီနှင့် ဗီယက်နမ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးအဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်ရေး အတွက် ထောက် ပံ့ ပေးသွားမည်ဖြစ် ကြောင်းနှင့် ၎င်းအဖွဲ့ အနေဖြင့်ရေနံနှင့် သဘာဝဓာတ်ငွေ့ လေ့လာဆန်းစစ်မှုများနှင့် စူးစမ်းရှာဖွေရေး စီမံကိန်းများ ဆောင်ရွက် သွားမည်ဟု မျှော်မှန်း ထားကြောင်း ငုယင်တန်ဇွန်း က ထပ်လောင်း ပြောကြားခဲ့သည်။ Gazprom ကုမ္ပဏီအနေဖြင့် ဗီယက်နမ်နိုင်ငံရှိ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် စိတ်ပါ ဝင်စားမှုရှိကြောင်း၊ သဘာဝဓာတ်ငွေ့ရည်၊ ရေနံစိမ်းနှင့် အမှုထမ်းများ လေ့ကျင့်ပေးရေး စသည်တို့တွင် နှစ်နိုင်ငံ အပြန်အလှန် ချိတ်ဆက်ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရုရှား နိုင်ငံရှိ ဗီယက်နမ်နိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများတွင်လည်း အမြဲတမ်း အထောက်အပံ့ ပေးလျက်ရှိကြောင်း မေလာ က ပြောကြားခဲ့သည်။
မြ၀တီ

No comments:

Post a Comment

My Blog List