Thursday, October 10, 2013

မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အားသုံးဖယ်ရှားရန် ကြိုးပမ်းခဲ့

Thursday, October 10, 2013
မိုးထိမိုးမိ ရွှေလုပ်ကွက်မှ နောက် ဆုံးကျန်ရှိသော ဇုန် ၁ဝ အား အောက် တိုဘာ ၅ ရက်နေ့တွင် အင်အား သုံး ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်း ဖယ်ရှား ခံရသူများတွင် ပါဝင်ခဲ့သော ဦးအောင် ဆန်းလင်းက ပြော သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော် ကုမ္ပဏီနှင့် ရွှေလုပ်သား တို့ ၏ ရွှေမြင်တင် သဘော တူစာ ချု ပ်ပါ အချက် ၆ ချက်အား ဖောက်ဖျက်ခြင်း ကို အကြောင်းပြု၍ ဖယ်ရှားရန် ကြိုးပမ်း သော်လည်း ယင်းနေ့ တွင် လုပ်သားတို့ လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ ကြောင်း ၄င်းက ပြော သည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ၆၁ဝ၅ ဧကအား အမျိုးသားကြီးပွား တိုးတ က် ရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ်တွင် လုပ်ပိုင်ခွင့်ရပြီးနောက် မူလ လက်ငုတ် ရွှေ လုပ်သားများနှင့် ၅ နှစ် မှ ၂၅ နှစ်အတွင်း သတ်မှတ်အကျိုးတူ ပူးပေါင်းလုပ်ဆောင်ပါမည် ဟု ဒေသခံ များ အား နှုတ်ကတိပြုပြီးဟု ၄င်းက ပြောသည်။

''အသေးစားကနေ အကြီးစားကို အတင်းပြောင်းခိုင်းနေတာ။ ဒါမတရား ဘူး'' ဟု ဖယ်ရှားခံရသူများတွင် ပါဝင် သူတစ်ဦးက ပြောသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်၍ Popular News မှ အမျိုးသား ကြီးပွား တိုးတ က်ရေးကုမ္ပဏီ သို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ် ၍ မရခဲ့ပေ။

ဖယ်ရှားခံရသူများထဲတွင် ပါဝင် သူတစ်ဦးက ''တစ်ဖက်သတ်ကျတဲ့ သဘောတူစာချုပ်ပါ။ လုပ်သားတွေက သဘောမတူဘူး'' ဟု ပြောသည်။

သဘောတူစာချုပ်အား ရွှေလုပ် သားတို့မှမကျေနပ်သည့်အတွက်ဆန္ဒ ပြခဲ့ပြီးလုပ်သားနှစ်ဦးမှာ ထောင်ကျခဲ့ သည်။

မိုးထိမိုးမိတွင် ဇုန် ၁၃ ဇုန်ရှိပြီး ရွှေလုပ်သားတို့ကို နှစ်ဦးသဘောတူ စာ ချုပ်ဖြင့် စတင်ဖယ်ရှားရာ ယခုဇုန် မှာ နောက်ဆုံးဇုန်ဖြစ်ကြောင်း သိရ သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List