ဇာတ်ကားများ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရသည့် သရုပ်ဆောင် မေမြင့်မိုရ်သည် 4TV နှင့်အတူ နွေးထွေးသောကမ်းလက်များ တီဗွီပရိုဂရမ်တွင် ရေဘေးကယ်ဆယ်ရေး အတွက် လုပ်အားပေးခဲ့ပြီး ရရှိခဲ့သည့် အနုပညာကြေးများကိုလည်း ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်းတွင် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးမှုများလာခြင်းသည် သူမအတွက် ယုံကြည်မှု ပိုရှိလာကြောင်းကို ''ဇာတ်ကား ရိုက်ကူးမှုအနေနဲ့ကတော့ ကိုနေမင်းနဲ့ပြင်ဦးလွင်မှာ နှစ်ကား ရိုက်ကူးထားပါတယ်။ ဇာတ်ကားနှစ်ကား စလုံးကတော့ ကာရိုက်တာလေးတွေ ကွဲပါတယ်။ တစ်ကားက ရိုးရိုးအေးအေး သရုပ်ဆောင်ထားသလို နောက်တစ်ကားက ခပ်စွာစွာကောင် မလေး တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ နှစ်ကားစလုံး ကိုနေမင်းနဲ့ ရိုက်ကူးထားတာပါ။ တောင်သမန် အင်းနဲ့ ပြင်ဦးလွင်မှာရိုက်ကူးခဲ့တာပါ။
အခုနောက်ပိုင်းတော့ ဗီဒီယိုဇာတ်ကားတွေ အရေအတွက် ပိုများလာတယ်။ အဲဒီအတွက်လည်း သရုပ်ဆောင်တဲ့ အပေါ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာသလို ခံစားရတယ်။ အားလည်းအားရမိပါတယ်။ အရင်ကထက်ပိုပြီး သရုပ်ဆောင် တတ်လာတယ်လို့လည်း ထင်မိတယ်။ အားသန်တဲ့ ကာရိုက်တာပိုင်းကတော့ ဒရာမာဇာတ်ကားတွေဆိုရင် ပိုပြီးတော့ အားသန်တယ်။ တစ်ခါတလေမှာတော့ ဗီလိန်ဇာတ်ရုပ်ပုံစံမျိုးတွေကို သရုပ်ဆောင်ကြည့်ချင်တယ်။ ဗီလိန်ဇာတ်ရုပ် ပုံစံမျိုး ဆိုပေမယ့် ပရိသတ်တွေ မမုန်းမယ့် ဗီလိန် ဇာတ်ရုပ်မျိုးပါ''ဟု သူမက ပြောသည်။
မြ၀တီ
No comments:
Post a Comment