Friday, August 21, 2015

တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ ထိပ်သီး အစည်းအဝေး ချင်းမိုင်၌ စတင်





တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့များ ထိပ်သီး အစည်းအဝေးအား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ သုံးရက် ကြာကျင်းပရန် ၂၀၁၅ ဩဂတ်စ် ၂၁ ရက် ယနေ့ စတင်နေပါသည်။

အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆွေးနွေးညှိနှိုင်းရေး အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များ ၊ NCCT တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ ၊ UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ လူကြီးမင်းများ တက်ရောက် ကြပါသည်။

“လက်ရှိအနေအထားက သမ္မတကနေ ဖိတ်ကြားစာပို့ထားတယ်။ ကျနော်တို့လဲ လက်ခံရရှိပြီ။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးမှာ သွားပြီးတော့ လက်မှတ်ထိုးဖို့။ အခုက သီးခြားစီ ဖိတ်လာတယ်။ ဒါလဲ ခွဲခြား ဆက်ဆံတဲ့ သဘောဘဲ။ ဒီမှာကလဲ ခက်နေတယ်။ တဖွဲ့ တည်း မှာပင် လက်မှတ်သွားထိုးချင်တဲ့ အုပ်စု ၊ မထိုးချင်တဲ့အုပ်စု ကွဲလာနေတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဒီမှာလဲ ဘုံသဘောတူညီချက်ချဖို့ ပြောထားတဲ့ အတိုင်း အားလုံး ပါဝင်လာ နိုင်အောင် လုပ်နေပါတယ်”- ဟု အစည်းအဝေး တက်ရောက် သည့် ပုဂ္ဂိုလ်တဦးက ပြောပါ သည်။

ဘစ်ဖိုက် (Big 5) ဟုနာမည်ရလာသည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA , ကရင် အမျိုးသားအစည်း အရုံး KNU, မွန်ပြည်သစ်ပါတီ MNSP, ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တို့ သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် ယခုလမကုန်မီ နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်သည်။ ထို့အတွက်လဲ တိုင်းရင်းသား အကျိုးစီးပွားအတွက် ဘုံရပ်တည်ချက် တင်ပြဆွေးနွေးနိုင်ရန်လည်း သဘောတူညီချက်ရ ယူသွား မည်ဟု သိရသည်။

မည်သို့ပင်ဆိုစေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးမည်ဟု လက်ရှိ အစည်းအဝေး တက်ရောက်သည့် ခေါင်းဆောင်များက ပြောဆိုနေကြသော်လည်း လက်ရှိ တိုင်းသား အားလုံးအတွက် ခေါင်းဆောင်ပိုင်း တာဝန်ယူနေသည့် ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ကေအဲန်ယူ ကမူ အစိုးရနှင့် NCA လက်မှတ် ရေးထိုးရန် အခြားကရင်လက် နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် DKBA, KNU-KNLA(PC) နှင့် သျှမ်းအင်အားကြီးလက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည့် RCSS/SSA တို့နှင့် သဘောတူညီချက်ရ ယူကာ လက်မှတ်ထိုးဖို့ အဆင် သင့်ဖြစ်နေကြောင်း ဩဂတ်စ် ၁၇ ရက်နေ့က ပူးတွဲကြေငြာချက် ထုတ်ပြန် ထားသည်။

Panglong(Burmese) 

No comments:

Post a Comment

My Blog List