အိုဘားမားအစိုးရသည် အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရက ပြည်ပြေးများကို သူလျှိုအဖြစ်အသုံးပြု နေခြင်းအား သတိပေးလိုက်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။တရုတ်အစိုးရသည် နိုင်ငံမှထွက်ပြေးတိမ်းရှောင်နေသူများအား နိုင်ငံတကာ အဆင့်လှုပ်ရှားမှုဖြင့် ပြန်လည်စည်းရုံးကာ တရား မ၀င်ရန်ပုံငွေထောက်ပံ့ နေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု ထိုသတင်းစာက ဖော်ပြခဲ့သည်။
ထိုလုပ်ရပ်များအတွက် အမေရိကန်အစိုးရက တရုတ်အာဏာပိုင်များကို သတိပေးထားသည်ဟုလည်း သိရှိရသည်။ တရုတ်သမ္မတရှီကျင်းပင်မှာ လာမည့်လတွင် အမေရိကန်သို့ လာရောက်လည်ပတ်မည်ဖြစ် သည်။
Operation Fox Hunt ဟု တရုတ်အစိုးရက အမည်ပေးထားသည်ဟု အမေရိကန်ကစွပ်စွဲထားသော ထိုစစ်ဆင်ရေးအား အမေရိကန်ကိုသူလျှို လုပ်သည့် အခြားပုံမှန်စစ်ဆင်ရေးများနှင့် သီးခြားခွဲထုတ်ထား သည်။ နယူးယောက်တိုင်းမ်သတင်းစာ၏ဖော်ပြချက်အရ အသွင်ယူသူလျှိုများမှာ တရုတ်ပြည်သူ့လုံခြုံရေး ၀န်ကြီး၏အမိန့်ကို နာခံရပြီး အမေရိကန်နိုင်ငံ တွင်းသို့ ခရီးသွားဗီဇာ လုပ်ငန်းဗီဇာများဖြင့် ၀င်ရောက်လာ ကြကြောင်း သိရှိရသည်။
တရုတ်အာဏာပိုင်တို့သည် တရုတ်နိုင်ငံတွင် ဆက်လက်နေထိုင်နေသော ပြည်ပြေးများ၏မိသားစုဝင်များ ကို ခြိမ်းခြောက်မှုများကိုလည်း နည်းစနစ် တစ်ခုအဖြစ်အသုံးပြုကြသည်။
ပြီးခဲ့သည့်နှစ်က ပြည်သူ့လုံခြုံရေးဝန်ကြီး၏အမိန့်ဖြင့် ထိုစစ်ဆင်ရေးတွင် ပါဝင်ခဲ့သူ တရုတ်နိုင်ငံသားသူလျှို ၉၃၀ ကျော်အား ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများက မိခင်နိုင်ငံသို့ပြန်ပို့ခဲ့ရကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြ ခဲ့သည်။
၎င်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သူများမှာထင်ရှားသည့်တရုတ်ပြည်ပြေးများဖြစ်ပြီး တရုတ်နိုင်ငံ၏စီးပွားရေး ခြစားမှုများနှင့် နိုင်ငံရေးရာဇ၀တ်မှုများကို အတိုက်အခံလုပ်ခဲ့သူများဖြစ်ကြသည်။
BBC
No comments:
Post a Comment