Thursday, August 20, 2015

နိုင်ငံသား စိစစ်ရာ၌ ၁၉၄၈ ဥပဒေဖြင် စစ်ဆေးမည်ဆို၍ ဘူးသီးတောင် ဒေသခံတို့ကန့်ကွက်


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံသားလျှောက်ထားသူ ဘင်္ဂလီ လူမျိုးများအား နိုင်ငံသား ဖြစ် မဖြစ် စိစစ်ရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် မစစ်ဆေးဘဲ ရုပ်သိမ်းပြီးသား ၁၉၄၇ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် စစ်ဆေးနေ၍ ဘူးသီးတောင် ဒေသခံများက ယနေ့တွင် စာရေး ကန့်ကွက် လိုက်သည်ဟု သတင်း ရရှိသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သောအဆိုပါကန့်ကွက် စာ ခေါင်းစဉ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် စစ်ဆေးရမည့် အစား ရုပ်သိမ်းပြီး ဖြစ်သော ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား (ရွေးချယ်ရေး) အက်ဥပဒေ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့ဖြင့် ဘင်္ဂလီများအား နိုင်ငံ သား စိစစ်နေခြင်းကို ကန့်ကွက်ခြင်း ဟု ဖော်ပြပါရှိ သည်။

ဘူးသီးတောင်မြို့နယ် တွင် ဘင်္ဂလီလူမျိုးများအား နိုင်ငံသား စိစစ်ရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ စိစစ်ရမည်ဟု အများက သိရှိနားလည်ထားသော်လည်း အမှန်တကယ်ဆောင်ရွက်သည့်အခါ ရုပ်သိမ်း ပြီးသား ဖြစ်သည့် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေပုဒ်မ ၁၁ (ခ) အရသော်လည်းကောင်း၊ ၁၉၄၈ ခုနှစ် မြန်မာ နိုင်ငံသား (ရွေးချယ်ရေး) အက်ဥပဒေ အရသော်လည်း ကောင် ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေတို့ကို ပြန်လည် အသုံးပြု၍ လည်းကောင်း စိစစ်ဆောင်ရွက်မည်ဟု သိရရှိရပါသည် ကန့်ကွက် စာတွင် ရေးသား ဖော်ပြသည်။

ယခုနိုင်ငံသားလျှောက်ထားသူများကို ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားပေးမည်ဆိုပါ က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ တည်ဆဲ ဥပဒေပုဒ်မ ၂၃ ဖြင့် လုံးဝ ဆန့်ကျင်နေသဖြင့် ယခု နိုင်ငံသား စိစစ်မှုမှာ ရိုးဖြောင့်သော လုပ်ရပ် မဟုတ်၍ ဆန့်ကျင် ကန့်ကွက်ပါကြောင်း စာထဲတွင် ပါရှိ သည်။

ယင်းကန့်ကွက်စာအား လူပေါင်း ရာချီ လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော်သမ္မတ၊ ၀န်ကြီး- လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ၀န်ကြီးချုပ် - ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ညွှန် ကြားရေးမှူး-လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အပါအ၀င် အစိုးရ အဖွဲ့အစည်း ၁၀ ကျော်သို့ မိတ္တူပေးပို့ထား ကြောင်း သိရသည်။

Narinjara

No comments:

Post a Comment

My Blog List