Tuesday, August 18, 2015

RCSS နှင့် ကရင်လက်နက်ကိုင်တပ် ၃ ခုတို့ NCA လက်မှတ်ရေးထိုး တော့မည်


သျှမ်းပြည်တပ်မတော် RCSS/SSA က ကရင်လက်နက်ကိုင်တပ်ဖွဲ့ များဖြစ်ကြသည့် KNU, DKBA နှင့် KNU/KNLA (PC) တို့သည် အစိုးရနှင့် တတိုင်းပြည်လုံးအပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးကြ မည်ဖြ စ်ကြောင်း ယနေ့ ဩဂတ်စ် ၁၆ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေငြာချက် ထုတ်ပြန်သည်။

မိမိလူမျိုးအခွင့်အရေးကာကွယ်ရန် လက်နက်များကို ဆက်လက်စွဲကိုင် ထားေ ရး၊ မတရားအသင်း ၁၇ /၁ စာရင်းမှ ပယ်ဖျက်ရေး၊ နိုင်ငံရေးေ ဆွးနွေးနေစဉ် အတွင်း ဖြစ်ပွားလာနိုင်မည့်ပဋိပက္ခများ ကြိုတင်ကာ ကွယ် နိုင်စေရေး၊ လူထု အကျိုး ပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စသည့်မျှော် လင့်ချက်များဖြင့် တတိုင်းပြည်လုံးအပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေး ထိုးမည်ဟု သျှမ်းပြည်တပ်မတော်၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြော သည်။

“လက်မှတ်ရေးဖိုးဖို့ သမ္မတကနေ ဖိတ်လာတာ ကျနော်တို့ အကောင်းမြင် တယ်။ လက်ခံတယ်။ လက်မှတ် ရေးဖို့လဲ ကျနော်တို့ သဘောတူ ဆုံးဖြတ် လိုက်ပြီ။ ပါဝင်လာဖို့ လက်ခံခြင်းမပြုသေးတဲ့ အဖွဲ့ ၆ ဖွဲ့တွေ ပါဝင်လာနိုင်ဖို့၊ လက်မှတ် ရေးထိုးဖို့ မဆုံးဖြတ်ရသေးတဲ့အဖွဲ့တွေ လက်မှတ်ရေးထိုး လာနိုင် ဖို့လဲ ကျနော် တို့ တတ်အားသမျှ ပူးပေါင်း ဆောင်ရွက် သွားပါ့မယ်” - ဟု ဗိုလ်မှူးကြီး စိုင်းလှကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြ သည့် KNU, DKBA နှင့် KNU/KNLA (PC) တို့၏ ခေါင်းဆောင်များသည် ယနေ့ ဩဂတ်စ် ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးကာ အစိုးရနှင့် တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးရေးအတွက် သဘောတူဆုံးဖြတ် ကာ ပူးတွဲထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့ ၄ ဖွဲ့သည် ပြီးခဲ့သည့် ပြည်ထောင်စုနေ့ ၁၂၊ ၂၊ ၂၀၁၅ က အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် အစိုးရနှင့် ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးထား သည့် တပ်ဖွဲ့များဖြစ် ကြသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List