Wednesday, August 19, 2015

လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေအပေါ် ပါတီများ၏ သဘောထား အမြန်ဆုံးတင်ပြရန် သူရဦးရွှေမန်း ပြောကြား


လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို သြဂုတ်လ ၂၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး တင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောကြားလိုက်သည်။

ယင်းဥပဒေနှင့် ပတ်သက်သော ပါတီများ၏ သဘောထားကို ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းပြီး ကော်မတီ အနေဖြင့် ရရှိသော အချက်အလက်များကို အစီရင်ခံစာ အမြန်ဆုံး ပြုလုပ်ကာ တင်ပြရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ရွေးကောက်ပွဲ ကော်မရှင်၏ ဥပဒေ စောလျင်စွာ အတည်ပြုရေးကိစ္စနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းကို ပြဋ္ဌာန်းပေးရန် လိုအပ်နေသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လေးကြိမ်တိုင်အောင် အကြောင်းကြားထားပြီ ဖြစ်ကြောင်း ကော်မရှင်မှ ထုတ်ပြန်ထားသည်။

ယင်းဥပဒေကြမ်းပါ ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ရုပ်သိမ်းလိုပါက အနည်းဆုံး တစ်ရာခိုင်နှုန်းသော မဲဆန္ဒရှင် ပြည်သူမှ ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း ရေးဆွဲထားခြင်းထက် ၂၀ ရာခိုင်နှုန်းသော မဲဆန္ဒ ရှင်မှ တိုင်ကြားနိုင်သည်ဟု ပြင်ဆင်လျှင် ပိုမိုသင့်တော်မည်ဟု ထင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောသည်။

အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွင် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် တိုင်ကြားချက်ကို မဲဆန္ဒ ရှင် တစ်ရာခိုင်နှုန်းဟု ပါရှိနေသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး ပြုလုပ်စဉ်က ၂၀ ရာခိုင်နှုန်းဟု အစားထိုးရန် ကြံ့ခိုင်ရေး ပါတီက တင်သွင်းခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များ ထောက်ခံ မှုမရှိသောကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment

My Blog List