Thursday, August 20, 2015

ချင်းမိုင်တွင် ယာယီပတ်စ်ပို့ကိုင်ဆောင်သူများကို ဈေးဆိုင်ရောင်းခွင့် ပိတ်ပင်


ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအား ကိုယ်ပိုင် ဈေးဆိုင် ရောင်းချ ခွင့်မရှိကြောင်း ထိုင်းအာဏာပိုင်များမှ လိုက်လံတားမြစ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းလူဝင်မှု ကြီးကြပ်ရေး နှင့် အာဏာပိုင်များမှ ချင်းမိုင်မြို့ရှိ မြန်မာဈေးတန်းရှိသည့် နေရာများကို လိုက်လံ စစ်ဆေးခဲ့ပြီး ထမင်း ဆိုင်၊ ကွမ်းယာဆိုင်များ အပါအဝင် တနိုင်တပိုင် မြန်မာပစ္စည်းများ ရောင်းသည့် ဆိုင်များကို ဆက်လက်မရောင်းရန် သတိပေးခဲ့သည်။
" မြန်မာနိုင်ငံသား ဖြစ်လို့ ဈေးရောင်းခွင့် မရှိဘူး။ ထိုင်းတွေပဲ ရောင်းရမယ်။ မင်းတို့က အလုပ်သမားပဲ လုပ်ရမယ်။ ကျနော် ဈေးရောင်းခွင့် လိုင်စင် လုပ်ပြီးတော့ ဆိုင်ဖွင့်တာ ၁၀ နှစ်တောင် ပြည့်တော့မယ်။ အခွန်လည်း နှစ်တိုင်းပေးရ တယ်။ အခုမှ မရောင်းရဘူဆိုတော့ ဒုက္ခရောက်ပြီပေါ့။ ရင်းနှီးထားတာက မနဲဘူး။" ဟု မြန်မာအစားအစာ နှင့် လူအသုံး ဆောင် ပစ္စည်းများ ရောင်းဝယ်သည့် မြန်မာဈေးသည် တဦးက ပြောသည်။

ယခင်ကတည်းက မြန်မာနိုင်ငံသားများအနေဖြင့် ကိုယ်ပိုင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချခွင့် မရှိသော်လည်း အာဏာပိုင် များ နှင့် နားလည်မှုယူကာ ရောင်းချ နေခြင်း ဖြစ်သည်။

ယခုအခါတွင် ယာယီပတ်စ်ပို့ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံသားပိုင် သည့် ဈေးဆိုင်များတွင် အလုပ်သမား အဖြစ် လုပ်ကိုင်နိုင်သည်ဟုဆိုပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ရောင်းဝယ်နေသည်ကို တွေ့ရှိပါက ဒဏ်ငွေအဖြစ် မြန်မာ ကျပ်ငွေ ၆ သိန်း ကျော် ညီမျှသည့် ဘတ် ၂၀၀၀၀ ပေးဆောင်ရမည်ဟု မြန်မာဈေးသည်များက ပြောသည်။

ထိုင်းအစိုးရမှ ထုတ်ပေးသည့် (၁၀) နှစ်နေထိုင်ခွင့် ကဒ် (တောင်ပေါ် သားကဒ်) ရရှိထားသူများသာ အကောက် ခွန်ရုံး တွင် တရားဝင် ဈေးရောင် ခွင့် လိုင်စင်ပြုလုပ်၍ ကိုယ်ပိုင်ဆိုင်ရောင်းခွင် ရှိသည်ဟု သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List