ကြံခိုင်ဖွံ ဖြိုးရေးပါတီဥက္ကဌ သူရရွှေမန်းကို ဖယ်ရှားလိုက်တာနှင့် ပတ်သက် ပြီး ရင်ဆိုင်ဖြေရှင်းဖို အတွက် သည်ကနေ့ တင်္နလာနေ့ မှာ ပါတီခေါင်းဆောင် များ၏ အရေးပေါ်အစည်းအဝေးတခု ကျင်းပဖို့ ခေါ်ဆိုထား သည်ဟု ကြံခိုင် ဖွံဖြိုးရေးအသင်းမှ တာဝန်ရှိသူနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြား လိုက်ပါသည်။
နိုဝင်ဘာလမှာကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေရွှေးကောက်ပွဲမတိုင်ခင် ၃လ အလိုမှာ သမ္မတ ဦးသိန်းစိန်က ဦးရွှေမန်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး သူ၏ အပေါင်းပါတွေကိုလည်း ကြံခိုင်ဖွံဖြိုးရေး ပါတီ ခေါင်းဆောင် ပိုင်း ကနေ ဖယ်ရှားလိုက်ပါသည်။
သို့ သော်ဦးရွှေမန်းက လွှတ်တော်၏ ဥက္ကဌအဖြစ် သြဇာကြီးသော ရာထူးကို ဆွဲကိုင်ထားဆဲဖြစ်ပါသည်။
ယနေ့ တင်္နလာနေ့အစည်းအဝေးအတွက် ကြံခိုင်ရေးပါတီက တနင်္ဂနွေနေ့က ဖိတ်စာများပို့ ထားသည်ဟု ပါတီဝင်များက ပြောပါသည်။
သူတို့  ပါတီ အနေဖြင့်သူရရွှေမန်းကို အရေးယူရာတွင်အသုံးပြူနိုင်မည့် ဥပဒေတရပ် လွှတ်တော်သို့  မည်သို့ အဆိုတင်သွားရမည် ဆိုတာ ကို ဆွေးနွေးကောင်း ဆွေးနွေးနိုင်သည်ဟု လွှတ်တော်အမတ် ဦးလှဆွေက ရိုက်တာသတငိးဌာနကို ပြောကြားပါသည်။
သူအနေ ဖြင့် အစည်းအဝေးနှင့်ပတ်သက်ပြီးအစီအစဉ်များ မရရှိသေးဟု လည်းဆိုပါသည်။
နေပြည်တော်သို့ လာနေသည့်  ကြံခိုင်ဖွံဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းမှ တခြားလွှတ်တော်အမတ်တဦး ကလည်း အစည်းအဝေးကို တင်္နလာနေ့မှာ စီစဉ်ထားသည်ဟုပြောကြားသည်။
“ ဦးရွှေမန်းအနေနဲ့ ပြီးခဲ့တဲ့ အဖြစ်အပျက်ကို တုံ့ ပြန်ဖို့  လွှတ်တော်ကို အသုံးချမယ်လို့  ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ က မျှော်လင့် ထားတယ်။ ကျွန်တ်ာတို့ အနေနဲ့  လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုတ်သိမ်းခွင့်ရှိတဲ့ ဥပဒေကို ဆွေးနွေးကောင်းဆွေးနွေးဖို့ ရှိတယ်” ဟု ဦးလှဆွေက ပြောပါသည်။
အဆိုပါဥပဒေအရ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်း ကန့် ကွက်လတ်မှတ်ထိုး တိုင်ကြားပါကေ၇ွှးကောက်ပွဲကော် မရှင်က တိုင်ကြားမှုသည် မျှတသည်ဟု ထင်ပါလျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပြန်လည် ရုပ်သိမ်းခွင့် ရှိမည်ဖြစ်ပါသည်။
ဦးရွှေမန်း အနေဖြင့် စစ်တပ်ကို နိုင်ငံရေးအာဏာလျှော့ချစေမည့် အဆိုကို လွှ့တ်တော်မှာထောက်ခံခဲ့မှု အတွက် သူ၏ မဲဆန္ဒရှင်က တိုင်တန်းမှုကို ခံရနိုင်ပါသည်။
ပြီးခဲ့သည့် အပတ် ကြသာပတေးနေ့က မြန်မာရွှေးကောက်ပွဲကော်မရှင်က ဦးရွှေမန်းထံ အဆိုပါဥပဒေကို ထောက်ခံပေးဖို့  စာတစောင်ကိုပေးပို့သည့် အကြောင်းကို အစိုးရသတင်းစာများက အထင်အရှားရေးသား ခဲ့ပါသည်။
" ဦးရွှေမန်းက အလွယ်တကူနဲ့ အရှုံးပေးမယ်လို့ ကျနော်မထင်ဘူး။ သူက ဒီလိုလူစားမျိုးမဟုတ်ဘူး။” ဟု ဦးလှဆွေက ပြောပါသည်။ လွှတ်တော် အနေဖြင့် ပြီးခဲ့သည့်အပတ်က ကြံ့ခိုင်ရေးပါတီရုံးချုပိများ ဖြစ်ခဲ့ တာမျိုးကို ထပ်ဖြစ်တာမျိုး မတွေ့ ချင်မမြင်ချင်ဟုလညိး သူက ပြောပါသည်။
“ပါတီအထဲမှာ သူတို့ ဘာသာဘာပဲလုပ်လုပ် လုပ်လို့ ရတယ်။ ဒါပေမဲ့  လွှတ်တော်နဲ့ သူရဲ့ ဥက္ကဌကိုတော့ မလေးမစား လုပ်လို့ မရဘူး”
လင်းလင်း
The Ladies News Journal
No comments:
Post a Comment