Tuesday, August 18, 2015

ကြံ့ခိုင်ရေး အပြောင်းအလဲ စစ်အစိုးရ လုပ်ဆောင်ပုံနှင့် တူနေ


ကြံ့ခိုင်ရေးပါတီ၏ ပါတီတွင်း အပြောင်းအလဲသည် စစ်အစိုးရလက်ထက် လုပ်နည်း၊ လုပ်ဟန်နှင့် တူညီနေ ကြောင်း NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ ပြောသည်။ “ဒီကိစ်္စက အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုလို့ မြင်တယ်။ ဘယ်မှာဆုံးမလဲ ဆိုတာ အခုအထိတော့ မသိသေးဘူး။ ဒီလုပ်ပုံလုပ်နည်းက အရင်တုန်းက စစ်အစိုးရ အဆက်ဆက်မှာ လုပ်ခဲ့တဲ့ လုပ်ထုံး လုပ်နည်းနဲ့ လုပ်ထုံးပုံစံ တွေနဲ့ တူတယ်လို့ပဲ မြင်တယ်”ဟု ဦးဉာဏ်ဝင်းက ဝေဖန်သည်။

လက်ရှိအခြေအနေသည် စောင့်ကြည့်စရာ ဖြစ်နေပြီး၊ စိုးရိမ်စရာဟုလည်း မြင်ကြောင်း၊ ယခုကဲ့သို့ လုပ် ဆောင်မှုကို အရေးကြီးသော အပြောင်းအလဲ အဖြစ် NLD က ရှုမြင်ကာ ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် မိမိပါတီကို မည်သူခေါင်းဆောင်သင့်သည် ဆိုသည့်အချက်ကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် အပြည့်အ၀ရှိကြောင်း၊ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌနေရာက ဖယ်ရှားရာတွင် ရဲတပ်ဖွဲ့များ ပါဝင်ခဲ့ခြင်းကို စိုးရိမ်ကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် Mr.MC Cornell က ဝေဖန်ခဲ့သည်။

“ပါတီတွင်း ဖြစ်တဲ့ကိစ္စကို ပါဝါနဲ့ ရှင်းလိုက်တော့ တကယ်လို့သာ နိုင်ငံတော် အာဏာနဲ့ ပတ်သက်လာရင် ဘယ်လိုများ ဆောင်ရွက်မလဲလို့ပါ။ အာဏာနဲ့ လုပ်တယ်ဆိုတာ တော်တော်ဆိုးတယ်။ ကျွန်တော်တို့အ တွက် စောင့်ကြည့် စရာ ဖြစ်လာတယ်”ဟု NLD ပါတီမှ CEC အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်၍ စိတ်ပူ သောကြောင့် NLD ပါတီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ သည်။ 

ယင်းပါတီမှ သူရဦးရွှေမန်းအား ရာထူးမှ ဖယ်ရှားသောကြောင့် မြန်မာ့နိုင်ငံ ရေး အနာဂတ်အပြင် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း စိုးရိမ်စရာ ဖြစ်လာ ကြောင်း နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

Messenger News Journal

No comments:

Post a Comment

My Blog List